Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ရုံးချိန်း တရားလို ကျန်းမာရေးမကောင်း၍ ထပ်ချိန်း

0
218

မန္တလေး ၊ဇန်န၀ါရီ ၂ ၊၂၀၁၈

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ရုံးချိန်းမှာ တရားလို ကိုကျော်မျိုးရွှေအနေဖြင့် ကျန်းမာရေး မကောင်းသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ပဲ ဇန်နဝါရီလ ၁၆ နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

တရားလို ကိုကျော်မျိုးရွှေသည် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုခံထားရကာ ထောင်အတွင်း အချုပ်ကျခံနေရသူလည်း ဖြစ်သည်။

“ထောင်ဆေးစာနဲ့ ဆိုတော့ ကျွန်တော်တို့ ဘာမှ လုပ်မရဘူး ။ ထောင်ဆေးစာနဲ့ တကွဖြစ်တဲ့အတွက် အမှန်တကယ် ကျန်းမာရေး မကောင်းလို့ ပျက်ကွက်တာ ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး ။” ဟု ကိုဆွေဝင်း၏ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော် က ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့်လည်း အမှုကိစ္စနှင့်ပတ်သတ်၍ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ပြောသည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေသည် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နှင့် အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်၌ ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

နိုင်လင်းဦး

Leave a Reply