အ​ထွေ​ထွေအကျဉ်းသား​ဟောင်းများ ကူညီ​စောင့်​​ရှောက်​​ရေး(မြန်​မာ) GPRMအသင်း မိတ်​ဆက်​လက်​ကမ်းစာ​စောင်​ ​ဝေငှ

0
263

ရန်ကုန် ၊ ဇန်​နဝါရီ ၂ရက် ၊၂၀၁၈

အ​ထွေ​ထွေအကျင်းသား​ဟောင်းများ ကူညီ​စောင့်​​​ရှောက်​​ရေး (မြန်​မာ) General Prisoner’s Rehabilitation Myanmar (GPRM)မှ အသင်းမိတ်​ဆက်​စာ​ဆောင်​များကို အင်းစိန်​​ထောင်​ ဘူးဝ​ရှေ့တွင်
ယနေ့ နံနက်​ ၁၀နာရီကစတင်​၍​ဝေငှမိတ်​ဆက်​ခဲ့သည်​။

အဆိုပါ လက်​ကမ်းစာ​ဆောင်​​ဝေငှမိတ်​ဆက်​မူသည် ပထမဦးဆုံးဖြစ်​​ကြောင်း သိရသည်​။

“ချမှတ်​ထားတဲ့စည်းမျည်းစည်းကမ်းနဲ့မညီညွတ်​ဘဲ ​ဖောက်​ပြန်​သွားရင်​​တော့ ​နောင်​တကြိမ်​ အကူညီ​ပေးမှာမဟုတ်​​တော့ဘူး။
ပူး​ပေါင်း​ဆောင်ရွက်မှုအပိုင်းက​တော့ ဘယ်အခန်းကဏ္ဍမျိုးမဆို ပူး​ပေါင်း​ဆောင်​ရွက်​ပါ့မယ်​” ဟု အ​ထွေ​ထွေအကျဉ်းသား​ဟောင်းများ ကူညီ​စောင့်​​ရှောက်​​ရေး(မြန်​မာ)အသင်း၏ ဒုဥက္ကဋ္ဌဦးကိုနိုင်​မှ ​ပြောသည်​။

မြန်​မာနိုင်​ငံအနှံအပြားရှိအကျဉ်း​ထောင်​အသီးသီးမှပြစ်​မူပြစ်​ဒဏ်​ကျခံပြီးပြန်လည်လွတ်​​မြောက်လာသူများအ​နေဖြင့်​ဒုစရိုက်​​လောကနှင့်
ဝေးကွာ​ရှောင်​ရှားရန်​ဆန္ဒရှိသည့်​ အကျဉ်းသား/သူများအား ​နောက်​ထပ်​ရာဇဝတ်မှုများ မကျူးလွန်မိ​စေရန် ဥပ​ဒေနှင့်​အညီ နည်းလမ်းမျိုးစုံဖြင့်​ ကူညီ​ဆောင်​ရွက်​ရန်အတွက် အသင်းဖွဲ့စည်းရ​ကြောင်းနှင့် အကူညီ ​တောင်းခံလို​သော အကျဉ်းသား/အကျဉ်းသူများ အ​နေဖြင့်​ မိမိတို့၏ လွတ်​ဝရမ်းနှင့်​အတူ လာ​ရောက်​​တွေ့ဆုံ​ဆွေး​နွေးနိုင်​​ကြောင်း
အဆိုပါ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ထို့ပြင် သက်​​မွေးဝမ်း​ကြောင်း ပညာရပ်​များသင်​ယူလိုသော အကျဉ်းသားများ၊ ကျန်းမာ​ရေးချို့တဲ့နေ​သော အကျဉ်းသား/အကျဉ်းသူများ အတွက်လည်း အကူအညီများ ပေးသွားမည်ဟု အဆိုပါ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

အ​ထွေ​ထွေအကျဉ်းသား​ဟောင်းများ ကူညီ​စောင့်​​ရှောက်​​ရေး(မြန်​မာ) အသင်းကို ၂၀၁၇ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင် ​ကော်​မတီ(၉)ဦး အဖွဲ့ဝင်(၃၀)ဦးတို့ဖြင့်​စတင်ဖွဲ့စည်းခဲ့ပြီး အသင်းရုံးခန်းကိုရန်ကုန်မြို့
ကျောက်​တံတားမြို့နယ်​တွင်​ ဖွင့်​လှစ်​ခဲ့ကာ ပြစ်​မူပြစ်​ဒဏ်​ကျခံပြီး လွတ်​​မြောက်​လာသူများမှဆက်​သွယ်​အကူညီ​တောင်းခံလာပါက
ကူညီ​ဆောင်​ရွက်​​ပေးလျက်​ရှိ​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply