မြင်းခြံတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီမဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံရ

0
88

အောက်တိုဘာ၂၉
မေစု

မန္တလေးတိုင်း မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၏ ပါတီမဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံရ ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့်ကြားဖြတ်ရွေးကောက်ပွဲ အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ မြင်းခြံမြို့နယ် ၏ ကိုယ်စာလှယ်လောင်း တစ်နေရာကို သာ ဝင်ရောက်ယှဉ်ပြိုင် ပြီး မဲဆွယ် ဆိုင်းဘုတ် ၆ ခု စိုက်ထူ ထား ရာတွင် ၁ခုမှာ ဖျက်စီးခံရခြင်းဖြစ်ကြောင်း သိရသည်။

” မနေ့က မြင်းခြံမြို့နယ် အမှတ်၁၉ ခွန်းလွန်းရွာ အပြင်ဘက်မှာ စိုက်ထူထားတဲ့ ပါတီကိုယ်စားလှယ်လောင်း ကိုဖြိုးဟန် ရဲ့ ဆိုင်းဘုတ် ကိုဖြဲသွားတာပါ။ ဖြဲပုံဖြဲနည်း ကဒီအတိုင်း ဖြဲတာမဟုတ်ဖူး။ စနစ်တကျဖြဲ တဲ့ ပုံရှိပါတယ်။ သူကမျက်နှာနေရာ ကိုချိတ်တစ်ခုခု နဲ့အောက်ကနေ ချိတ်ဆွဲ ပြီး ဗီနိုင်း ကိုလှမ်းဖြဲတာပါ။ လက်ရှိ အဲ့လိုလုပ်တာမြင်လိုက်တဲ့ လူတစ်ယောက်ကိုမေးနေတယ် ညပိုင်း၁၂နာရီလောက် လုပ်တာ ဆိုတော့ မသဲကွဲဘူး ဖြစ်နေ တယ်လို့ပြောတယ် ။ ဝါးလုံးရှည် တို့ချိတ်ပါ တဲ့ ဟာတစ်ခုခု နဲ့လှမ်းဖြဲတဲ့ပုံပါ။ ” ဟုလူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ မှ ပါတီဝင် ကိုမျိုးဟန် ကပြောသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းနေရာကို ပါတီ ၄ ခု မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ၊ NLD ပါတီ နှင့် ပြည်သူ့အလုပ်သမားပါတီ တို့မှ ဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

” ကျွန်တော်တို့ အနေနဲ့ ဆိုင်းဘုတ်ပျက်စီးတာက အခက်အခဲမရှိပေမယ့် ဒီလိုလုပ်တာကတော့ရုပ်ပျက်တာပေါ့ဗျာ ရွေးကောက်ပွဲနီးလာတော့ ဝင်ပြိုင်တဲ့ပါတီတွေက အင်နဲ့အားနဲ့ စည်းရုံးနေချိန်မှာ ဖျက်စီးခံရတာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်မကောင်းတာပါ ” ဟု ကိုမျိုးဟန် ကဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် လွန်ခဲ့သည့် နှစ်ပတ်ခဲ့က လည်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်ဆိုင်းဘုတ် များ ဖျက်ဆီးခံခဲ့ရဖူးသည်။

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ခွင့်ပြုထားကာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် အနည်းဆုံး သော ကြားဖြတ်ရွေးကောက် ပွဲ ဖြစ်သည်။

Leave a Reply