ဟာသသရုပ်ဆောင် အောင်ရဲထွေး(ခ)ရဲထွေးအောင် ရုတ်တရက် ကွယ်လွန်

0
217

 

 

ရန်ကုန် ၊ ဇန်န၀ါရီ ၂ ၊ ၂၀၁၈

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုဖိုင်အတိုများနှင့် လူအများအားပေးခံရသည့် ဖေ့စ်ဘွတ်ဆယ်လီ (ဟာသသရုပ်ဆောင်) အောင်ရဲထွေးသည် ယနေ့နံနက်ပိုင်း သုံးနာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၃၁ရက်နေ့  နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ရှိကလပ်တစ်ခု၌ အမည်မသိလူတစ်စုမှ ၎င်း၏ ဦးခေါင်းကိုသံဖိနပ်များဖြင့် ၀ိုင်းဝန်းကန်ကျောက်ရာမှ ဦးခေါင်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင်ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း ယနေ့နံနက်သုံးနာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများ ထံမှသိရသည်။

မကွယ်လွန်မှီ လူမှုကွန်ရက်တွင် လူငယ်များအကြားရေပန်းစားသည့် အကြောင်းအရာများကို အခြေခံကာ ဟာသ/ပညာပေးနှင့် Troll ဗီဒီယိုများအား ရိုက်ကူးတင်ဆက်ရာမှ ပရိတ်သတ်များ၏ လက်ခံအားပေးခြင်း ခံရသူတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ပထမဆုံး Influencer ဆုချီးမြှင့်ပွဲဖြစ်သည့်၂၀၁၇ခုနှစ်၏ Influencer of the Year (Comedy/Satire)Awardဆုကိုလက်ခံရရှိခဲ့သည်။

အောင်ရဲထွေးကွယ်လွန်ခြင်းအား သူ၏၀မ်းကွဲညီမဖြစ်သူ Ei Ei Khine Min သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “အကိုကြီးရေ  လောကကြီးထဲက ထွက်သွားတဲ့အချိန်က အရမ်းစောလွန်းနေတယ် အကိုကြီးရေ။ အလ္လာ့အကိုကြီးကို ဂျန္နဟ်နာစစ်ပေးပါ အလ္လာရယ်”ဟု သူ့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကိုဥာဏ်

ဓာတ်ပုံ – အောင်ရဲထွေးဖေ့စ်ဘွတ်ခ်

ရန်ကုန် ၊ ဇန်န၀ါရီ ၂ ၊ ၂၀၁၈

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုဖိုင်အတိုများနှင့် လူအများအားပေးခံရသည့် ဖေ့စ်ဘွတ်ဆယ်လီ(ဟာသ သရုပ်ဆောင်) အောင်ရဲထွေးသည် ယနေ့နံနက်ပိုင်း သုံးနာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၃၁ရက်နေ့  နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ရှိကလပ်တစ်ခု၌ အမည်မသိလူတစ်စုမှ ၎င်း၏ ဦးခေါင်းကိုသံဖိနပ်များဖြင့် ၀ိုင်းဝန်းကန်ကျောက်ရာမှ ဦးခေါင်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင်ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း ယနေ့နံနက်သုံးနာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း၎င်းနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းများ ထံမှသိရသည်။

မကွယ်လွန်မှီ လူမှုကွန်ရက်တွင် လူငယ်များအကြားရေပန်းစားသည့် အကြောင်းအရာများကို အခြေခံကာ ဟာသ/ပညာပေးနှင့် Troll ဗီဒီယိုများအား ရိုက်ကူးတင်ဆက်ရာမှ ပရိတ်သတ်များ၏ လက်ခံအားပေးခြင်းခံရသူတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ပထမဆုံး Influencer ဆုချီးမြှင့်ပွဲဖြစ်သည့်၂၀၁၇ခုနှစ်၏ Influencer of the Year (Comedy/Satire)Awardဆုကိုလက်ခံရရှိခဲ့သည်။

အောင်ရဲထွေးကွယ်လွန်ခြင်းအား သူ၏၀မ်းကွဲညီမဖြစ်သူ Ei Ei Khine Min သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် “အကိုကြီးရေ လောကကြီးထဲကထွက်သွားတဲ့အချိန်ကအရမ်းစောလွန်းနေတယ် အကိုကြီးရေ အလ္လာ့အကိုကြီးကို ဂျန္နဟ်နာစစ်ပေးပါ အလ္လာရယ်”ဟု သူ့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကိုဥာဏ်

 

 

 

Leave a Reply