အိမ်ခြံမြေဝန်ဆောင်မှု ကြီးကြပ်ရေးကော်မတီဖွဲ့စည်း ပြီးပါက ပွဲစားများကို လုပ်​ငန်းလိုင်​စင်​ချထားပေးမည်

0
142

နိုဝင်​ဘာ ၂
ဝေဝေဖြိုး

အိမ်ခြံမြေဝန်ဆောင်မှု ကြီးကြပ်ရေးကော်မတီ တစ်ခုဖွဲ့စည်းပြီးပါက ပွဲစားများကို လုပ်​ငန်းလိုင်​စင်​ချထားပေးမည်​ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ( ဗဟို ) မှသိရသည်​။

“ပွဲစားတွေ အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးဖို့ ဆိုတာက အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ထွက်ပြီးရင် ကြီးကြပ်ရေးကော်မတီ ဆိုတာ ဖွဲ့ရဦးမယ် ။ ဖွဲ့ပြီးရင် အကျိုးဆောင်ပွဲစားတွေအနေနဲ့ သွားလျှောက်ရမယ် ။ စည်းကမ်းချက်နဲ့ လျော်ညီမှု ရှိ ၊မရှိ သတ်မှတ်ထားတဲ့ စာမေးပွဲဖြေပြီး မှ လိုင်စင်ချပေး သွားမှာ ဖြစ်ပါတယ်”ဟုမြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်တင့် ပြောသည်။

အိမ်ခြံမြေ ဝန်ဆောင်မှု ပြုလုပ်သူများအနေဖြင့်​ စနစ်တကျ နှင့် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ ထွက်ရှိပြီးသည် နှင့်ကြီးကြပ်ရေးကော်မတီ တစ်​ခုကို ဖွဲ့စည်းသွားမည်​ဟုဆိုသည်။

ယင်းကဲ့သို့ စည်းကမ်းချက်နှင့် ကိုက်​ညီသူများကိုသာ နှစ်နှစ်ဖြစ်စေ ၊သုံးနှစ်ဖြစ်စေ ဥပဒေမှ ပြဌာန်းထားသည့် အတိုင်း လုပ်ငန်းလိုင်စင်ချထားပေးသွားမည်ဟုဆိုသည်​။

“ဥပဒေပေါ်လာတာနဲ့ ချက်ချင်း အသက်ဝင် လုပ်ဆောင် ပေးနိုင်မှာ မဟုတ်ပါဘူး။ ကော်မတီဖွဲ့စည်းတာတွေ လုပ်ငန်းလိုင်ချထားပေးတာတွေ စတဲ့ အဆင့်များစွာကို လုပ်ဆောင်သွားရဦးမှာပါ။ သူက ကြိုက်လို့ ရောင်းတာရှိမယ် ။ စီးပွားဖြစ် ပွဲစားလုပ်တဲ့သူလား ဥပမာ သိလို့ရောင်းတဲ့သူလား ညီအစ်​ကိုမို့ ရောင်းတာလား ဒါမျိုးတွေလည်း ရှိသေးတယ်။ လိုင်စင် လုပ်ပေး လိုက်တာနဲ့ပဲ ပွဲစားအားလုံးတော့ ချုပ်ကိုင်လို့ မရသေးပါဘူး။”ဟု ဦးကျော်တင့် ကပြောသည်​။

အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေတွင်​ လုပ်ငန်းလိုင်စင်မရှိဘဲ ဝန်ဆောင်မှု ပြုလုပ်​နေသည်များရှိပါက ပြစ်မှုပြစ်ဒဏ် များ ပါရှိသွားမည်ဖြစ်ပြီး ပွဲစားခပေးချေမှုကိုလည်း သတ်မှတ်ချက် အတိုင်းသာ ရယူရန် စသဖြင့်​ ကောင်းမွန်မျှတသည့် အချက်များစွာ ပါဝင်မည်​ဟုဆိုသည်​။

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကို ၂၀၁၇ ခုနှစ် မှ စ၍ လွှတ်တော်သို့ တင်ပြခဲ့ပြီး လက်​ရှိတွင်​ အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Photo : Credit

Leave a Reply