အီရန်တွင် မတည်ငြိမ်မှုများဖြစ်ပေါ်အောင် ရန်သူများက လုပ်ဆောင်နေဟု အီရန်မဟာခေါင်းဆောင်ပြောဆို

0
199

 

တီဟီရန် ဇန်နဝါရီ ၃

အီရန်တွင် မတည်ငြိမ်မှုများဖြစ်ပေါ်အောင် ရန်သူများကလုပ်ဆောင်နေကြောင်း အီရန်မဟာခေါင်းဆောင် အယာတိုလာအလီခါမဲနေက ဇန်နဝါရီ ၂ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

အစ္စလာမ်အစိုးရပြုတ်ကျအောင် ရန်သူတွေက နည်းလမ်းမျိုးစုံ၊ ငွေ၊ လက်နက်၊ မူဝါဒ၊ လုံခြုံရေးအဖွဲ့ အစည်း တွေကို အသုံးပြုပြီး ညီညီညွတ်ညွတ် လုပ်ဆောင်နေကြောင်း ခါမဲနေက နိုင်ငံသို့ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုကြီးများကို ထောက်ခံခဲ့သည့် ပြုပြင်ပြောင်းလဲရေးသမားများကပင် ယခုဆန္ဒပြမှု များကို ရှုတ်ချခဲ့သည်။ သို့သော် ဆန္ဒပြမှုများဖြစ်ပွားစေသည့် စီးပွားရေး အကျပ်အတည်းများကိုဖြေရှင်းပေးရန်ကိုမူ ၎င်းတို့က တောင်းဆိုခဲ့သည်။ “အီရန်ပြည်သူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲပေါင်းမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်၊ ငြိမ်းချမ်းစွာတောင်းဆိုခွင့် လည်းရှိပါတယ်” ဟု သမ္မတဟောင်း မိုဟမ္မဒ်ခါတာမီဦးဆောင်သော ဘာသာရေးဆရာများ အသင်းက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂ ရက်နေ့အထိ ဆန္ဒပြမှုများအတွင်း လူ ၂၁ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ဇန်နဝါရီ ၂ ရက် အစောပိုင်းတွင် နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်ခရိုင် ကာဒါရီဂျန်ရှိ ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အတွင်း ဆန္ဒပြသူခြောက်ဦးသေဆုံးခဲ့သည်။ အစ္စဖာဟန်နားရှိ အခြားမြို့သုံးမြို့တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအစောင့်တပ်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် နံဘေးမှ ရပ်ကြည့်သူတစ်ဦးတို့ သေဆုံးခဲ့သည်။

မက်ရှ်ဟတ်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ အီရန်နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ရက်စက်ကြမ်းကြုတ်ပြီး အကျင့်ပျက်နေသော အစိုးရကို ဆန့်ကျင်ရဲသည့်အတွက် အီရန်ပြည်သူများကို ချီးကျူးပါကြောင်း၊ အီရန်နိုင်ငံသားများ၌ အစားအစာနည်းနည်းသာရှိပြီး ငွေကြေးဖောင်းပွနေကာ လူ့အခွင့်အရေးလုံးဝချိုးဖောက် ခံနေရကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့သည်။

ထရမ့်သည် တွစ်တာသုံးပြီး အသုံးမဝင်သော ရေးသားမှုများကို ပြုလုပ်ကာ အချိန်ဖြုန်းနေကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြေရာမဲ့နှင့် ငတ်ပြတ်နေသူများအား ကူညီရေးကိုသာ အာရုံစိုက်သင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။

အီရန်တွင် ဆန္ဒပြမှုများဖြစ်ပွားအောင် လှုံ့ဆော်နေသည့် ပါရီအခြေစိုက် မူဂျာဟေဒင်အီခါလစ် အမည်ရှိ အကြမ်းဖက်အဖွဲ့အား အရေးယူပေးရန် အီရန်သမ္မတဟာဆင်ရိုဟာနီက ပြင်သစ်သမ္မတ ဧမာနွေလမာ ခရွန်အား ဖုန်းဆက်ကာ တောင်းဆိုခဲ့သည်။

အီရန်ရှိ ဆန္ဒပြမှုများသည် ဦးဆောင်မည့်သူမရှိပုံရပြီး ခရိုင်မြို့များနှင့် မြို့နယ်များတွင်သာ အဓိကဖြစ်ပွားနေခြင်း ဖြစ်သည်။ မြို့တော် တီဟီရန်၌လည်း လူအနည်းငယ်သာပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဆော်ဒီအာရေဗျတို့က နောက်ကွယ်က မီးထိုးပေးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း အီရန်ရှိ မဟာအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီရှမ်ခါနီကပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

တီဟီရန် ဇန်နဝါရီ ၃

အီရန်တွင် မတည်ငြိမ်မှုများဖြစ်ပေါ်အောင် ရန်သူများကလုပ်ဆောင်နေကြောင်း အီရန်မဟာခေါင်းဆောင် အယာတိုလာအလီခါမဲနေက ဇန်နဝါရီ ၂ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

အစ္စလာမ်အစိုးရပြုတ်ကျအောင် ရန်သူတွေက နည်းလမ်းမျိုးစုံ၊ ငွေ၊ လက်နက်၊ မူဝါဒ၊ လုံခြုံရေးအဖွဲ့အစည်းတွေကို အသုံးပြုပြီး ညီညီညွတ်ညွတ်လုပ်ဆောင်နေကြောင်း ခါမဲနေက နိုင်ငံသို့ပြောဆိုသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောဆို ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုကြီးများကို ထောက်ခံခဲ့သည့် ပြုပြင်ပြောင်းလဲရေးသမားများကပင် ယခုဆန္ဒပြမှု များကို ရှုတ်ချခဲ့သည်။ သို့သော် ဆန္ဒပြမှုများဖြစ်ပွားစေသည့် စီးပွားရေး အကျပ်အတည်းများကိုဖြေရှင်းပေးရန်ကိုမူ ၎င်းတို့က တောင်းဆိုခဲ့သည်။ “အီရန်ပြည်သူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲပေါင်းမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်၊ ငြိမ်းချမ်းစွာတောင်းဆိုခွင့်လည်းရှိပါတယ်” ဟု သမ္မတဟောင်း မိုဟမ္မဒ်ခါတာမီဦးဆောင်သော ဘာသာရေးဆရာများ အသင်းက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂ ရက်နေ့အထိ ဆန္ဒပြမှုများအတွင်း လူ ၂၁ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ဇန်နဝါရီ ၂ ရက် အစောပိုင်းတွင် နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်ခရိုင် ကာဒါရီဂျန်ရှိ ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ဆန္ဒပြသူခြောက်ဦးသေဆုံးခဲ့သည်။ အစ္စဖာဟန်နားရှိ အခြားမြို့သုံးမြို့တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ညပီး တော်လှန်ရေးအစောင့်တပ်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် နံဘေးမှ ရပ်ကြည့်သူတစ်ဦးတို့ သေဆုံးခဲ့သည်။

မက်ရှ်ဟတ်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ အီရန်နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ရက်စက်ကြမ်းကြုတ်ပြီး အကျင့်ပျက်နေသော အစိုးရကို ဆန့်ကျင်ရဲသည့်အတွက် အီရန်ပြည်သူများကို ချီးကျူးပါကြောင်း၊ အီရန်နိုင်ငံသားများ၌ အစားအစာနည်းနည်းသာရှိပြီး ငွေကြေးဖောင်းပွနေကာ လူ့အခွင့်အရေးလုံးဝချိုးဖောက် ခံနေရကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့သည်။

ထရမ့်သည် တွစ်တာသုံးပြီး အသုံးမဝင်သော ရေးသားမှုများကို ပြုလုပ်ကာ အချိန်ဖြုန်းနေကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြေရာမဲ့နှင့် ငတ်ပြတ်နေသူများအား ကူညီရေးကိုသာ အာရုံစိုက်သင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။

အီရန်တွင် ဆန္ဒပြမှုများဖြစ်ပွားအောင် လှုံ့ဆော်နေသည့် ပါရီအခြေစိုက် မူဂျာဟေဒင်အီခါလစ် အမည်ရှိ အကြမ်းဖက်အဖွဲ့အား အရေးယူပေးရန် အီရန်သမ္မတဟာဆင်ရိုဟာနီက ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်အား ဖုန်းဆက်ကာ တောင်းဆိုခဲ့သည်။

အီရန်ရှိ ဆန္ဒပြမှုများသည် ဦးဆောင်မည့်သူမရှိပုံရပြီး ခရိုင်မြို့များနှင့် မြို့နယ်များတွင်သာ အဓိကဖြစ်ပွားနေခြင်းဖြစ်သည်။ မြို့တော် တီဟီရန်၌လည်း လူအနည်းငယ်သာပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဆော်ဒီအာရေဗျတို့က နောက်ကွယ်က မီးထိုးပေးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း အီရန်ရှိ မဟာအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီရှမ်ခါနီကပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply