တာမွေမြို့နယ်တွင် သမ္မတ မဲပေး(ရုပ်သံ)

0
91

နိုင်ဝင်ဘာ ၃
ကျော်သူမြင့်

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ လစ်​လပ်​မဲဆန္ဒနယ်​ ဖြစ်​သည့်​ တာ​မွေမြို့နယ်​ ကျားကွက်​သစ်​ရပ်​ကွက်​ မဂ္ဂင်​လမ်းရှိ မဲရုံအမှတ်​ ၃ သို့ နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​က ယ​နေ့​နေ့လည်​ ၁နာရီ မိနစ်​ ၄၀ အချိန်​က လာ​ရောက်​မဲ​ပေးခဲ့သည်​။

မဲရုံ​ရှေ့သို့ သမ္မတထံတိုင်​ကြားစာ ​ပေးမည့်​ ပြည်​သူများနှင့်​ ရပ်​ကွက်​​နေပြည်​သူများဖြင့်​ ပြည့်​နှက်​​နေခဲ့သည်​။

တာ​မွေမြို့နယ်​ ရပ်​ကွက် ၂၀၌ မဲ​ပေးခွင့်​ရှိသူဦး​ရေ ၉၉၁၀၉ ဦးရှိပြီး မဲရုံ​ပေါင်း ၁၂၃ ရုံရှိသည်​။

#fifthwave

Leave a Reply