တုတ်​ဓားကိုင်​​ဆောင်​ထား​သောလူတစ်​စုမှ အိမ်​ရှိပစ္စည်းများအား ဝင်​​ရောက် ​ဖျက်​ဆီး

0
588

ရန်ကုန် ၊ ဇန်​နဝါရီ ၃၊၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီး၊ဒဂုံဆိပ်​ကမ်းမြို့နယ်​တွင်​ တုတ်​ဓား ကိုင်​​ဆောင်​ထား​သောလူတစ်​စုမှ အိမ်​ရှိပစ္စည်းများအားဝင်​​ရောက်​ဖျက်​ဆီးခဲ့​မှုဖြစ်​ပွားခဲ့ကြောင်း ဒဂုံဆိပ်​ကမ်းရဲတပ်​ဖွဲ့ စခန်းမှသိရသည်​။

“ဖြစ်​တဲ့ညမှာပဲ တရားခံ​တွေကို ဖမ်းမိတယ်​။ တစ်ရပ်​ကွက်​တည်း သား​တွေပါ။ ခု ရမန်​ယူထားတယ်​”ဟု ဒဂုံဆိပ်​ကမ်းမြို့နယ်​ရဲတပ်​ဖွဲ့စခန်းမှတာဝန်​ရှိသူမှ​ပြောသည်​။

ဖြစ်​စဉ်​မှာ ဒဂုံဆိပ်​ကမ်းမြို့နယ်​၊(၈၈)ရပ်​ကွက်​၊​ သော်​ကမြိုင်​(၂)လမ်း၌ ဇနနဝါရီ၁နေ့တွင်မမြမဉ္စူမိုးသည်​​နေအိမ်၌ရှိ​နေစဉ်​​မောင်​ဖြစ်သူ
ကျော်​​ကျော်​လင်းမှာရန်​ဖြစ်​​နေ​ကြောင်းကြားသိရသဖြင့်
နေအိမ်​သို့ပြန်​​ခေါ်လာခဲ့သည်​။

ထို့​နောက်​​ကျော်​​ကျော်​လင်းမှာ သူငယ်​ချင်းများထပ်​မံခိုက်​ရန်​ဖြစ်​ပွားသံများ ကြား၍ ​ဖြစ်ပွားရာသို့ပြန်လည်သွားခဲ့ရာဦး​ကျော်တင်စိုး၊ ​အောင်​​လေး ၊
အောင်​စိုးတင်​၊စည်​သူတို့မှာပြတ်​ရှထိုးသွင်းဒါဏ်​ရာများဖြင့်​ လဲကျ​နေ သဖြင့်ပတ်​ဝန်းကျင်​အား​အော်​ဟစ်​အကူညီ​တောင်းခံစဉ်
တစ်ဖက်​ လူစုမှ စတီးတုတ်​၊ဓားများကိုင်​​ဆောင်​လျှက်​လိုက်​လံရိုက်​နှက်​ထိုးခုတ်​​​သော​ကြောင့်​အိမ်​ဘက်​သို့ထွက်​​ပြေးခဲ့​ကြောင်း သိရသည်။

ယင်းလူစုမှလည်း​နေအိမ်​ထိလိုက်​ကာတံခါး၊ မှန်​၊ ​ရေခဲ​သေတ္တာတို့ကို ရိုက်​ချိုးဖျက်​ဆီးခဲ့ခြင်းဖြစ်​​ကြောင်း အဆိုပါခိုက်​ရန်​ဖြစ်​ပွားပြီး အိမ်​တွင်းဝင်​​ရောက်​ကာပစ္စည်းများဖျက်​ဆီးကြသူများဖြစ်​​သော
မှုံကြီးပါ(၇)ဦးကိုအ​ရေးယူ​ပေးရန်​ မမြမဉ္စူမိုးမှတိုင်​ကြားခဲ့၍
ဒဂုံဆိပ်​ကမ်းရဲစခန်းမှထိခိုက်​ဒါဏ်​ရာရရှိသူများ​ဆေးရုံသို့တင်​ပို့​ပေးပြီး၊(ပ) ၂၀၁၈၊ရာဇသတ်​ကြီးပုဒ်​မ ၃၂၆/၃၂၅/၄၂၇/၁၁၄ဖြင့်
အမှုဖွင့်​အ​ရေးယူထား​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply