အီးယူမှနုတ်​ထွက်​​ရေး​ စီးပွား​ရေး​ကောင်​စီများကို ဗြိတိန်​ဝန်​ကြီးချုပ်​ဖွဲ့စည်း

0
164

နိုဝင်​ဘာ ၇
နိုင်ငံတကာသတင်း

ဥ​ရောပသမဂ္ဂ(အီးယူ)က​နေနုတ်​ထွက်​ပြီး​နောက်​ပိုင်းြ​ဗိတိန်​မှာအ​ကောင်းဆုံးစီးပွား​ရေးအ​ခြေအ​နေ​တွေကိုဘယ်​လိုဖန်​တီးမလဲဆိုတာကို အကြံ​ပေးဖို့ စီးပွား​ရေး​ကောင်​စီသစ်​(၅)ခုကိုြ​ဗိတိန်​ဝန်​ကြီးချုပ်​ သီ​ရေစာ​ ​မေက ဖွဲ့စည်းလိုက်​ပါတယ်​။ 

ကောင်​စီ​တွေထဲမှာ တက်​စ်​ကို့စ်​လက်​လီအ​ရောင်းဆိုင်​​တွေရဲ့အမှု​ဆောင်​အရာရှိချုပ်​ ​ဒေ့​ဗ်​ လူးဝစ်​၊ အိုင်​တီ​ဗွီရုပ်​သံရဲ့အမှု​ဆောင်​ချုပ်​ ကာရိုလင်း မက်​​ကော၊ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​ ဂျိမ်းစ်​ တင်​ပ်​ဆန်​နဲ့ြ​ဗိတိန်​စက်​မှုလုပ်​ငန်းများအသင်းချုပ်​ရဲ့ ညွှန်​ကြား​ရေးမှူးချုပ်​ ကာရိုလင်း ဖဲဘရင်​​တို့လို နာမည်​ကြီးပုဂ္ဂိုလ်​​တွေကပါဝင်​ပါတယ်​။ 

ကောင်​စီတစ်​ခုစီက တစ်​နှစ်​ကိုသုံးကြိမ်​အစည်းအ​ဝေးပြုလုပ်​မှာပါ။

နှစ်​ကြိမ်​က ဝန်​ကြီးချုပ်​​မေနဲ့​တွေ့ဆုံမှာဖြစ်​ပြီး ​နောက်​တစ်​ကြိမ်​က​တော့ြ​ဗိတိန်​အစိုးရအဖွဲ့ဝင်ဝန်​ကြီးတစ်​ဦးနဲ့​တွေ့​ဆုံရမှာပါ။ 

ကောင်​စီ​တွေကြ​ဗိတိန်​ရဲ့အကြီးစားစီးပွား​ရေးဆိုင်​ရာကိစ္စရပ်​​တွေမှာ အကြံဥာဏ်​​တွေနဲ့ မူဝါဒ​ရေးရာအကြံပြုချက်​​တွေ​ပေးသွားမှာဖြစ်​ပါတယ်​။

အီးယူက​နေနုတ်​ထွက်​တာနဲ့ပတ်​သက်​ပြီး​နောက်​ထပ်​လူထုဆန္ဒ​ကောက်​ခံမှုပြုလုပ်​သွားမှာမဟုတ်​ဘူးလို့ ဝန်​ကြီးချုပ်​​မေက ရှင်းရှင်းလင်းလင်း​ပြောထားတယ်​ဆိုပြီးြ​ဗိတိန်​ဝန်​ကြီးချုပ်​ရုံးကသတင်းရင်းမြစ်​တစ်​ဦးက​ပြောတယ်​ဆိုပြီး ဘီဘီစီကသတင်း​ဖော်​ပြပါတယ်​။

Source-BBC
#FifthWaveNews

Leave a Reply