ကယ်လီဖိုးနီးယားရှိဘားတွင် ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံး

0
118

နိုဝင်ဘာ ၈
နိုင်ငံတကာသတင်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ကသောင်ဇင်အုတ်ခ်မြို့မှာရှိတဲ့ဘားတစ်ခုမှာပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အထိအခိုက်များခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

နိုဝင်ဘာလ(၇)ရက်၊ ဒေသစံတော်ချိန်ည(၈)နာရီကျော်မှာ လော့စ်အိန်ဂျယ် လိစ်မြို့ရဲ့အနောက်မြောက်ဘက်မိုင်(၆၀)လောက်မှာရှိတဲ့ နယ်စပ်မျဉ်းဘားနဲ့အကင်ဆိုင်မှာပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲ့ တယ်လို့ယူဆရတယ်လို့ယူဆရသူကို အသေပစ်ဖမ်းခဲ့ပြီး တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး နောက်ထပ် (၁၁)ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။

သေဆုံးသူတွေထဲမှာ ရဲတပ်ကြပ်တစ်ဦးလည်းပါဝင်ပါ တယ်။ အဲဒီဘားမှာ ကျေးလက်တေးဂီတပညာရှင်တွေရဲ့ဖျော်ဖြေပွဲတစ်ခုကျင်းပနေတာကြောင့် တက်ရောက်သူ အနည်းဆုံး (၂၀၀)လောက်ရှိနေတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

မျက်မြင်သက်သေတွေက အဲဒီဖြစ်ရပ်ဟာ ဆိုးရွားတဲ့ အခြေအ နေတစ်ခုဖြစ်ခဲ့တယ်လို့ပြောခဲ့ပြီး သေနတ်သမားက အချက်ဒါဇင်ချီပစ်ခတ်ခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဘာကြောင့်သေ နတ်သမားက ပစ်ခတ်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Source- BBC

#FifthWaveNews

Leave a Reply