ဥပဒေချုပ်ဟောင်းဦးဟန်ထူးအမှု နှစ်ဖက်လျှောက်လဲချက်များကို တရားသူကြီးထံသို့ တင်ပြထား

0
113

နိုဝင်​ဘာ ၉
သော်လင်းထက်

အဂတိလိုက်စားမှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီးတိုင်းတရားလွှတ်တော်ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအပါ တရားသူကြီး ၅ ဦးကို ယ​နေ့ နိုဝင်ဘာလ ၉ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်ခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ ယခင်​ရုံးချိန်းတွင်​ စစ်​​ဆေးခဲ့သည့်​ တရားလို၏ ထွက်​ဆိုချက်​နှင့်​ပတ်​သက်​၍ နှစ်​ဖက်​​လျှောက်​လွှဲချက်​အား တရားရုံးထံတင်​ပြထားပြီး လာမည့်​ရုံးချိန်းကို နိုဝင်​ဘာ ၁၆ရက်​သို့ပြန်​လည်​ချိန်​ဆိုခဲ့သည်​။

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားခံသုံးဦးအား လွှတ်​​ပေးခဲ့သည့်​အတွက်​ အစိုးရမှ ဦးချစ်ကိုကို အပါအဝင် တရားဥပဒေအစိုးရ အရာရှိ ၆ ဦးသည်​ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်​ တရားစွဲဆိုထားခြင်းဖြစ်​သည်​။

လက်​ရှိတွင်​ တိုင်းတရားလွှတ်တော်အရာရှိချုပ်ဟောင်း ဦးဟန်ထူးအား ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နှင့်​တရားစွဲဆိုထားပြီးတရားဥပဒေအရာရှိ လေးဦး အား၂၀၁၄ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်​တရားစွဲဆိုထားသည်​။

Leave a Reply