မြန်မာ့ဆန်တင်ပို့မှု GSP အခွင့်အရေး ယာယီရုတ်သိမ်းရန် EU စီစဉ်

0
92

နိုဝင်​ဘာ ၉
ဝေဝေဖြိုး

ဥရောပသမဂ္ဂမှ မြန်​မာနိုင်​ငံက တင်​ပို့သည့်​ဆန်​ နှင့်​ ကမ္ဘောဒီးယားနိုင်​ငံက တင်​ပို့သည့်​ ဆန်​များနှင့်​ ပတ်​သက်​ပြီး အခွန်​ကင်းလွတ်​ခွင့်​ပေးထားပြီး ယခုအခါ အဆိုပါ အထူးအခွင့်​ရေးကို ၃နှစ်​ခန့်​ ယာယီ ပြန်​လည်​ရုတ်​သိမ်းရန်​ စီစဉ်​နေကြောင်း မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်​ကပြောသည်​။

“ဒီဆန်​တွေတင်​ပို့မှုဟာ အခွန်​နဲ့ပတ်​သက်​ပြီး ကင်းလွတ်​ခွင့်​ သူတို့ကပေးထားတယ်​ ဥရောပသမဂ္ဂအတွင်းမှာရှိတဲ့ နိုင်​ငံက လူတွေကို တင်​သွင်းတဲ့အခါမှာ အကောက်​ခွန်​ကင်းလွတ်​ခွင့်​တွေပေးတော့ မြန်​မာနဲ့ကမ္ဘောဒီးယားဆန်​တွေက အများကြီး EU ဈေးကွက်​ထဲကိုဝင်​တယ်​ ။ဒါနဲ့ပတ်​သက်​ပြီး EU မှာရှိနေတဲ့ ဆန်​စပါးစိုက်​ပျိုးထုတ်​လုပ်​နေတဲ့ နိုင်​ငံတွေက အဓိကကန့်​ကွက်​တယ်​။ အထူးသဖြင့်​ အီတလီ ၊စပိန်​ တို့က ကန့်​ကွက်​တဲ့အတွက်​ ဒီလုပ်​ငန်းစဉ်​တွေက EUရဲ့ စိုက်​ပျိုးထုတ်​လုပ်​မှုကို ထိခိုက်​သလားဆိုတဲ့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို ပြန်​ပြီးတော့ ဆန်​စစ်​သုံးသပ်​ဖို့အတွက်​ လေ့လာသုံးသပ်​တဲ့ အစီစဉ်​တစ်​ခု လုပ်​တယ်​။ ဒီအစီစဉ်​ကနေမှ မြန်​မာနဲ့ ပတ်​သက်​ရင်​ ကမ္ဘောဒီးယားနဲ့ပတ်​သက်​ရင်​ ပေးထားတဲ့ အခွန်​ကင်းလွတ်​ခွင့်​နဲ့ ပတ်​သက်​တဲ့ အထူးအခွင့်​ရေးကို ၃နှစ်​လောက်​ယာယီ ပြန်​လည်​ရုတ်​သိမ်းဖို့ ဖြစ်​ပါတယ်​။”ဟု ၎င်းကပြောသည်​။

ဥရောပသမဂ္ဂအတွင်းရှိ ဆန်​စပါးစိုက်​ပျိုးထုတ်​လုပ်​နေသည့်​ အီတလီနှင့်​ စပိန်​နိုင်​ငံတို့မှ ကန့်​ကွက်​ခဲ့ခြင်းကြောင့်​ EU မှ ၎င်းတို့၏ စိုက်​ပျိုးထုတ်​လုပ်​မှုကို မထိခိုက်​စေရန်​ ပြန်​လည်​ ဆန်းစစ်​သုံးသပ်​ရန်​အတွက်​ လေ့လာသုံးသပ်​သည့်​ အစီအစဉ်​တစ်​ခုကို လုပ်​ဆောင်​ခဲ့ပြီး ထိခိုက်​သွားသည့်​ ဥရောပသမဂ္ဂအတွင်းရှိ နိုင်​ငံ အချို့၏ စိုက်​ပျိုးထုတ်​လုပ်​မှုကို ပြန်​လည်ကုစားနိုင်​ရန်​ ၃နှစ်​ခန့်​ အခွန်​ပြန်​လည်​သတ်​မှတ်​ကောက်​ခံရန်​ စီစဉ်​ဆောင်​ရွက်​လာခြင်းဖြစ်​သည်​။

ယင်းကဲ့သို့ အခွန်​ပြန်​လည်​ကောက်​ခံရာတွင်​ ပထမနှစ်​၌ မတ်​ထရစ်​တန်​ တစ်​တန်​လျှင်​ ၁၇၅ ယူရို ၊ ဒုတိယနှစ်​တွင်​ ၁၅၀ ယူရိုနှင့်​ တတိယနှစ်​တွင်​ ၁၂၅ ယူရို ခန့်​ဖြင့်​ တစ်​နှစ်​ပြီးတစ်​နှစ်​ လျော့ချ၍ ၃နှစ်​အစီအစဉ်​ဖြင့်​ ကောက်​ခံသွားမည်​ဟု EU ဘက်​မှ ပြောဆိုထားခြင်းဖြစ်​ကြောင်းသိရသည်​။

“ဆန်​တိုင်းမဟုတ်​ဘူး ။အမျိုးအစားပေါ်မှာမူတည်​ပါသေးတယ်​ ။တင်​ပို့မယ့်​အမျိုးစား ဆန်​ကွဲတို့ ပေါင်းဆန်​တို့ ဆန်​ဖြူတို့ ဒီလိုအမျိုးအစားတွေထဲမှာ ဘယ်​အမျိုးအစားကို ရွေးချယ်​ပြီးလုပ်​မလဲဆိုတာတွေကအစ သူတို့နဲ့ ညှိရမယ့်​အပိုင်းတွေရှိတဲ့အတွက်​ ဒါကဈေးကွက်​ပိတ်​တာမဟုတ်​ဘူး။ အခွန်​ပြန်​ကောက်​ဖို့ကို EU က စဉ်းစားသုံးသပ်​တာဖြစ်​တယ်​ ။ဒီဟာကိုလဲ ကျွန်​တော်​တို့ကတစ်​နှစ်​ပြီး တစ်​နှစ်​လျော့ချပြီးတော့ ၃နှစ်​အစီစဉ်​နဲ့လုပ်​မယ့်​ကိစ္စဖြစ်​တယ်​။ ကျွန်​တော်​တို့ဆက်​ပြီးတော့ EU နဲ့ ညှိနှိုင်းဖို့တွေရှိသေးတယ်​။တချို့ကထင်​တာက အခွန်​ပြန်​ကောက်​တာက မြန်​မာနိုင်​ငံက ဆန်​တင်​ပို့တဲ့သူတွေကို ကောက်တယ်​လို့ထင်​တာ၊ မဟုတ်​ပါဘူး သူ့နိုင်​ငံမှာ သွင်းတဲ့သူတွေကို ကောက်​တာပါ ၊မြန်​မာနိုင်​ငံက ဆန်​ကို ဝယ်​တဲ့သူက အခွန်​ပေးရတယ်​ ။ အခုထိုင်းနိုင်​ငံ၊ ဗီယက်​နမ်​က ဆန်​ကို EU ကဝယ်​ရင်​ အခွန်​ပေးရတယ်​။ မြန်​မာနဲ့ ကမ္ဘောဒီးယားကဆန်​ကိုဝယ်​ရင်​ အခွန်​မပေးရဘူး။ အဲ့တော့ မြန်​မာနဲ့ ကမ္ဘောဒီးယားက ဆန်​ကို ပိုဝယ်​ကြတယ်​”ဟု ဦးရဲမင်းအောင်​ကပြောသည်​။

မြန်​မာနိုင်​ငံနှင့်​ ကမ္ဘောဒီးယားနိုင်​ငံမှလည်းယှဉ်​ပြိုင်​နိုင်​သည့်​ အဆင့်​အတန်းတစ်​ခုသို့ ရောက်​သည့်​ အချိန်​တွင်​ အခွန်​ကို အားလုံး တပြေးညီသတ်​မှတ်​မည်​ဖြစ်ကာ​ ထိုင်း ၊ ဗီယက်​နမ်​ ၊အိန္ဒိယနိုင်​ငံ တို့ကိုလည်း အကောက်​ခွန်​ ကောက်​ခံမည်​ဖြစ်​သောကြောင့်​ ရေရှည်​တွင်​ ယင်းနိုင်​ငံများနှင့်​ ယှဉ်​ပြိုင်​နိုင်​အောင်​ကြိုးစားရမည်​ဖြစ်​ပြီး လက်​ရှိတွင်​ ကြိုးစားသည့်​ကိစ္စကို အထောက်​အကူဖြစ်​စေရန်​ EU က အခွန်​ကင်းလွတ်​ခွင့်​ ပေးထားခြင်းဖြစ်​သည်​ဟုဆိုသည်​။

ယင်းကိစ္စနှင့်​ပတ်​သက်ပြီး လက်​ရှိတွင်​ စီးပွားရေးနှင့်​ကူးသန်းရောင်းဝယ်​ရေးဝန်​ကြီးဌာနနှင့်​ မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​တို့ ပူးပေါင်းဆွေးနွေးလျက်​ရှိပြီး EU ဘက်​ကိုလည်း ပြန်​လည်​အကြောင်းပြန်သွားမည်​ဟုဆိုသည်​။

ဥရောပသမဂ္ဂအဖွဲ့(EU) အနေဖြင့် မြန်မာနိုင်ငံအား ၂၀၁၃ ခုနှစ်မှစ၍ အကောက်ခွန်သက်သာခွင့် အထူးအခွင့် အရေး(GSP) အား ပေးခဲ့ပြီး၊ ယင်းအခွင့်အရေးအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သည်များအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဈေးနှုန်းတူပါက အခွန်သက်သာခွင့်ရရှိသည့် မြန်မာနိုင်ငံမှ ကုန်စည်များအား ပိုမိုဝယ် ယူကြကြောင်း သိရသည်။

“ဒါနဲ့ပတ်​သက်​ပြီး မြန်​မာဘက်​က ပြောချင်​တာ ဆွေးနွေးချင်​တာရှိရင်​ ဒီလ ၁၉ ရက်​နေ့အထိ အချိန်​ပေးထားမှာဖြစ်​တယ်​။ ပြီးခဲ့တဲ့ တစ်​ခေါက်​တုန်းကလဲ ရခိုင်​အရေးကိစ္စနဲ့ ပတ်​သက်​ပြီးတော့ လေ့လာသုံးသပ်​တဲ့ မစ်ရှင်​တွေ လာတာရှိပါတယ်​။အဲ့တုန်းကလဲပြောပါတယ်​ EU ကိုဘဆန်​တင်​ပို့နေတာ အသေးစားနဲ့အလတ်​စားလုပ်​ငန်းရှင်​တွေများတယ်​။ဒီလုပ်​ငန်းရှင်​တွေဟာ အခြားဆန်​တင်​ပို့တဲ့နိုင်​ငံတွေနဲ့ ယှဉ်​ပြိုင်​ပြီးလုပ်​ဖို့ဆိုတာ အခက်​ခဲရှိတယ်။ဒါကြောင့်​ အချိန်​ကာလတခုတော့ GSP ကို ထပ်​ပေးဖို့ လိုသေးတယ်​။ဒီGSPလို အခွင့်​ရေးကတော့ အမြဲတမ်းပေးထားနိုင်​မှာတော့မဟုတ်​ဘူး ၊အချိန်​ကာလတခုနဲ့ပဲ ပေးတာ ၊ဒါကို တချို့က နားလည်​မှု လွဲပြီးတော့ လုံးဝပဲ EU ကို ဆန်​ပို့လို့မရတော့ဘူးဆိုတဲ့ ပုံစံမျိုးထင်​ကြတာ ၊အမှန်​တကယ်​က အကောက်​ခွန်​ကင်းလွတ်​ခွင့်​ကို ရုတ်​သိမ်းပြီးတော့ ပြန်​ပြီး အကောက်​ခွန်​ကောက်​တဲ့ ပုံစံနဲ့သွားဖို့ အစီစဉ်​ဖြစ်​ပါတယ်​”ဟု ၎င်းကဆိုသည်​။

လက်​တလောတွင်​ EU ဈေးကွက်​ ပိတ်​သွားသည်​ဟူသော​ယူဆပြောဆိုနေခြင်းများမှာ မှန်​ကန်​မှုမရှိဘဲ အခွန်ပြန်ကောက်ရန်​အတွက် စီစဉ်နေခြင်းဖြစ်ပြီးလက်​ရှိတွင်​ ညှိနှိုင်းနေဆဲဖြစ်​သောကြောင့်​နောက်​ဆုံး ဆုံးဖြတ်​ချက်​ချပြီဆိုပါက
သတင်းထပ်​မံထုတ်​ပြန်​ပေးမည်​ဟုဆိုသည်​။

မြန်​မာနိုင်​ငံအနေဖြင့်​ ၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်​တွင်​ ဆန်​ကွဲ တန်​ချိန်​ သုံးသိန်းခန့်​ နှင့်​ ဆန်​ဖြူ တန်​ချိန်​ တစ်​သိန်းကျော်​ စုစုပေါင်း တန်​ချိန်​ လေးသိန်းကျော်​ခန့်​ကို EU ဈေးကွက်​သို့ တင်​ပို့ခဲ့ကြောင်းသိရသည်​။

Leave a Reply