လူမှားဖမ်းစစ်ဆေးရိုက်နှက်ပြီးနောက် ပြန်လည်တောင်းပန်

0
151

နိုဝင်ဘာ ၁၀
မေစု

အလုံမြို့နယ်ရဲစခန်းမှ လူမှား၍ ဖုန်းသူခိုးဟု စွပ်စွဲ ဖမ်းဆီးရိုက်နှက် ၍ ပြန်လည်တောင်းပန် ခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင် ကိုအောင်စိုးထိုက် ကပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ (၆:၃၀) ခန့်တွင် သမီးဖြစ်သူ ကျောင်းကြိုနေစဉ် အလုံမြို့နယ် ရဲစခန်းမှ ရဲများ ဝိုင်းဝန်းထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီး ခေါ်ဆောင်သွားသူကို ရဲစခန်းအရောက်တွင် ထွေအုပ်ရုံးမှ ဖုန်းခိုးသူဟု CCTV မှတ်တမ်းဓာတ်ပုံတွင် ပါဝင်သူနှင့် ဆင်တူသောကြာင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးမိသူအား နှိပ်စက်ဝန်ခံခိုင်းခဲ့ပြီး အုပ်စုလိုက် ထိုးကြိတ် ပုံစံထိုင်ခိုင်းပြီး ည (၁၁) နာရီခန့်မှ လူမှားမှန်းသိပြီး အိမ်ပြန်ခဲ့ ရကြောင်း ကိုအောင်စိုးထိုက် က ပြောပြသည်။

” ခုမြို့နယ်မှူးရော စခန်းမှူးရောတောင်းပန်တယ်။ အဲ့ကိစ္စဖြစ်တဲ့ လူကိုအရေးယူမယ်လို့ပြောတယ်။ တော်တော်တော့တုန်လှုပ်သွားတယ်အပြစ်မရှိတဲ့လူတစ်ယောက် ကိုအပြစ်ရှိသလိုမျိုးပုံစံမကျတဲ့ စစ်ဆေးမှုတွေလုပ် လဲပေါ့နော်။ ” ဟု ယနေ့နေ့လယ်ပိုင်းတွင် အလုံစခန်းတွင် လာရောက်ရှင်းလင်းနေသူ ကိုအောင်စိုးထိုက် က ပြောသည်။

ဖမ်းဆီးခံခဲ့ရ သူ သည် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်း အနေဖြင့် တရားပြန်လည်စွဲမှု မဟုတ်သော်လည်း လူမှားစွပ်စွဲမှုများ ထပ်မံမဖြစ်စေရန် တာဝန်ယူပေးရေး ကို သက်ဆိုင်ရာတာဝန်ရှိ သူများအားပြောကြားခဲ့ကြောင်းသိရသည်။

Leave a Reply