ရွှေအိမ်စည်အတွက် နစ်နာကြေး ကျပ်သိန်း ၅၀၀၀ ပေးရန်တောင်းဆို ထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေး

0
223

ရန်ကုန် ၊ဇန်န၀ါရီ ၃၊၂၀၁၈

အလှမယ်ရွှေအိမ်စည်အတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၅၀၀၀ ပေးရန် ဒေါ်စိုးယုဝေ(Hello Madam Media Co.Ltd)ကို ဇန်န၀ါရီလ ၂ ရက်နေ့ကနိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ကြော်ညာချက်ထုတ်တောင်းဆို ထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ခြင်းမရှိသေးကြောင်း ၄င်း၏ မန်နေဂျာထံမှ သိရသည်။

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာအကြောင်းပြန်ထားတာ မရှိသေးပါဘူး” ဟု ရွှေအိမ်စည်၏ မန်နေဂျာကပြောသည်။

“ရွှေအိမ်စည်အား အသရေကြိုးဖျက်စေသော အထောက်အထား ကင်းမဲ့သည့် စွပ်စွဲမှုများအား ကြေညာချက် ထုတ်ပြန်ထားသည့်အပေါ် ၄င်းအနေဖြင့် များစွာဆုံးရှုံးနစ်နာစေမှုများနှင့် ငွေကြေးတန်ဖိုးဖြတ်၍ မရနိုင်သော ကျဆင်းခဲ့ရသည့်အတွက် နစ်နာကြေးငွေအဖြစ် ငွေကျပ် သိန်း ၅၀၀၀ ပေးလျှော်ရန် နှင့် လူမှုကွန်ရက်စာမျက်နှာ page မှ လည်းကောင်း ၊ သတင်းစာ နှင့် ဂျာနယ်များမှလည်းကောင်း ၀န်ချတောင်းပန်သော ကြေညာချက်ကိုကြော်ညာပေးရန် ဇန်န၀ါရီလ ၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ရွှေအိမ်စည်ရှေနေ့များက တောင်းဆိုထားသည်။

“မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ငွေကြေး နဲ့တန်ဖိုးမဖြတ်နိုင်သော်လည်း ဥပဒေအရ နစ်နာကြေးပမာဏ တစ်ခုခု သတ်မှတ်ရစမြဲ ထုံးစံမို့ ရှေ့နေများရဲ့ ထုံးစံအတိုင်းဖော်ပြတောင်းဆိုထားတဲ့နစ်နာကြေးကိုလည်း ဒီအမှုတွေပြီး မြောက်လို့ ရရှိလာတဲ့အခါ တရားရုံးစရိတ်နဲ့တကွ အထွေထွေ ကုန်ကျခဲ့သည်များကိုထုတ်နှုတ်ပြီး ကျန်ငွေကိုလေးစား နှစ်သက်ရာ ပရဟိတ အဖွဲ့အစည်းများကို လှူဒါန်း သွားမည် ဖြစ်ပါကြောင်း ပရိတ်သတ်များပီတိ အနုမောဓနာ ကြိုတင် ပွားနိုင်အောင်တင်ပြအပ်ပါသည်” ဟု ရွှေအိမ်စည်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်န၀ါရီလ ၂ ရက်နေ့ကရေးသားထားသည်။

အဆိုပါကိစ္စရပ်များကို ကြေညာသည့်ရက်မှ ၁၄ ရက်အတွင်း ပြုလုပ်ပေးရန် ပျက်ကွက်ခဲ့ပါက မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများအရ တရာမကြောင်း ပြစ်မှုကြောင်းများဖြင့် တရားစွဲဆိုသွားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

Hello Madam Media Co.Ltd သည် Miss Grand International ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ရွှေအိမ်စည်အား ရွေးချယ်ခဲ့ပြီး အကြောင်းပြချက် ၅ ခု ထုတ်ပြန်ကာ ပယ်ချခဲ့ခြင်းဖြစ်သည်။ထို့အပြင် ၂၀၁၇ အောက်တိုဘာလ ၁ ရက်နေ့တွင် ရွှေအိမ်စည်၏ ၂၀၁၇ မယ်စကြာဝဠာမြန်မာ 1 st Runner Up သရဖူကို ပြန်လည် ရုတ်သိမ်းကြောင်း Miss Organization ကကြေညာခဲ့သည်။

ဖြိုးဖြိုး

ဓာတ်ပုံ – Shwe Eain Si Facebook

Leave a Reply