2018 Mandalay Criterium Bike Race

0
156

မြန်မာနိုင်ငံစက်ဘီးအားကစားအဖွဲ့ချုပ်(MCF)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် 2018 Mandalay Criterium Bike Race ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက မန္တလေးကျုံးမြောက်ဘက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူနှင့် မြန်မာတို့မှ အားကစားသမားပေါင်း (၄ဝ) ကျော် ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသား အငယ်တန်း (၁၉) နှစ်အောက်ပြိုင်ပွဲ၊ အမျိုးသား (၂၃) နှစ်အောက်ပြိုင်ပွဲများနှင့် အလွတ်တန်းပြိုင်ပွဲတို့ပါဝင်ခဲ့သည်။

Photo – Kaung Zaw Hein / MPA

Leave a Reply