မြန်မာနှင့် ကမ္ဘောဒီယားပွဲစဉ် MRTV မှ တိုက်ရိုက်ပြသမည်

0
227

နိုဝင်ဘာ ၁၂
ပဉ္စမလှိုင်း

ဆူဇူကီးဖလား အုပ်စုပွဲစဉ်အဖြစ် ယနေ့ယှဉ်ပြိုင်မည့် မြန်မာနှင့်ကမ္ဘောဒီးယားပွဲစဉ်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel များမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ယနေ့ည ၆ နာရီမှာ စတင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မြန်မာအသင်း၏ အဖွင့်ပွဲစဉ်လည်း ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (က) တွင် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့်လာအို အသင်းများနှင့် တစ်အုပ်စုတည်းတွင် ကျရောက် နေသည်။

ဗီယက်နမ်နှင့် မလေးရှားတို့သည် အုပ်စုပွဲစဉ် တစ်ပွဲစီကစားထားပြီး နိုင်ပွဲရရှိထားသည်။ ဗီယက်နမ်က လာအိုကို သုံးဂိုးပြတ်နိုင်ထားပြီး မလေးရှားက ကမ္ဘောဒီးယားကို တစ်ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အသင်းများကို အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး လာအိုနှင့် မလေးရှားအသင်းများကို အဝေးကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Photo : MFF

Leave a Reply