0
225
ရန်ကုန် ၊ ဇန်နဝါရီ ၃၊ ၂၀၁၈
သရုပ်ဆောင် အောင်​ရဲ​ထွေး​သေဆုံးမှုနှင့်​ပတ်​သတ်​၍ မိသားစုဝင်​များနှင့်​ သူ၏လုပ်​​ဖော်​ကိုင်​ဖက်​များက ယ​နေ့ည​နေပိုင်းတွင်​ ရန်​ကုန်​မြို့Orchid Hotel တွင်​သတင်း စာရှင်းလင်းပွဲပြုလုပ်​ခဲ့သည်​။
သတင်းစာရှင်းလင်းပွဲတွင်​ ယ​နေ့​နေ့လယ်ပိုင်းက ​အောင်​ရဲ​ထွေး​သေဆုံးမှုတွင်​သံသယရှိသူဖြစ်​သူ သားကြီး(ခ)သန်းထွတ်​​အောင်​ကို သုဝဏ္ဏနယ်​​မြေ ရဲစခန်းတွင်​၎င်း၏မိဘများကလာ​ရောက်​အပ်​နှံပြီး ဖမ်းဆီးခံခဲ့ရသည်​ဟုသတင်းများထွက်​​ပေါ်​ခဲ့​သော်​လည်း အောင်​ရဲ​ထွေးမိသားစုနှင့်​၎င်း၏ မိသားစုဝင်​များက နယ်​​မြေရဲစခန်းမှအ​ကြောင်းကြားထားခြင်းမရှိ​ကြောင်း​ပြောဆိုသည်​။
အောင်ရဲထွေးသည် ဒီဇင်ဘာ၃၁ရက်နေ့ နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ ရှိ One Entertainment တွင်​ပြုလုပ်​သည့်​ ပါတီ၌ အမည်မသိလူတစ်စုမှ ၎င်း၏ ဦးခေါင်းကိုသံဖိနပ်များဖြင့် ၀ိုင်းဝန်းကန်ကျောက်ရာမှ ဦးခေါင်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင်ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အောင်​ရဲ​ထွေး၏ ဈာပနကို ယ​နေ့​နေ့လယ်ပိုင်းက ​ရေ​ဝေး ဆွန်​နီသုဿန်​တွင်​ပြုလုပ်​ခဲ့သည်​။
သတ်​ဖြတ်​မှုကိုလက်​မခံဘူး အမှန်​တရား​ပေါ်​ပေါက်​​အောင်​​ဖော်​ထုတ်​ဖို့အနူးညွတ်​​မေတ္တာရပ်​ခံ​တောင်းဆိုပါတယ်​ ဟု ၎င်း၏အကို​တော်​စပ်​သူ ကိုသန့်​စင်​ဦးကသတင်းစာ
ရှင်းလင်းပွဲတွင်​​ပြောသည်​။
အောင်​ရဲ​ထွေးသည်​မကွယ်လွန်မှီ လူမှုကွန်ရက်တွင် လူငယ်များအကြားရေပန်းစားသည့် အကြောင်းအရာများကို အခြေခံကာ ဟာသ/ပညာပေးနှင့် Troll ဗီဒီယိုများအား ရိုက်ကူးတင်ဆက်ရာမှ ပရိတ်သတ်များ၏ လက်ခံအားပေးခြင်း ခံရသူတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ပထမဆုံး Influencer ဆုချီးမြှင့်ပွဲဖြစ်သည့်၂၀၁၇ခုနှစ်၏ Influencer of the Year (Comedy/Satire)Awardဆုကိုလက်ခံရရှိခဲ့သည်။
ကိုဥာဏ်
Leave a Reply