သမ္မတထံသို့ ELEVENဘက်မှ မီဒီယာကောင်စီမှတဆင့် တင်ပြချက်ပေးစာ ကောင်စီလက်မခံ

0
127

နိုဝင်ဘာ ၁၄
ကျော်သူမြင့်

ELEVEN ဂျာနယ်၏ သတင်းသမားသုံးဦးအား ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုမှုနှင့်ပတ်သတ်၍ ELEVEN ဘက်မှ နိုင်ငံတော်သမ္မတ ထံသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတဆင့် တင်ပြချက်ပေးစာကို လက်မခံခဲ့ကြောင်း မီဒီ ယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောသည်။

“သူတို့ရဲ့သဘောထား သူတို့တွေ့ကြုံခဲ့တာတွေကို ရေးပြီးတော့ မီဒီယာကောင်စီကတဆင့် နိုင်ငံ တော်သမ္မတဆီကို ပို့ပေးပါဆိုပြီးတင်တယ်။ တင်တာကို တို့ကောင်စီက ဒီလိုညှိနှိုင်းဖြေရှင်းတဲ့အ ချိန်မှာ လက်မခံဘူး သီးခြားသမ္မတဆီမတင်ပဲ ဒီမှာပဲတင်မယ်ဆိုရင် လက်ခံမယ်”ဟု ဟံသာဝတီ ဦးအုန်းကြိုင်ကပြောသည်။

နိုင်ငံတော်သမ္မတလမ်းညွှန်ချက်ဖြင့် တိုင်းအစိုးရက တရားစွဲဆိုမှုအား ရုတ်သိမ်းခဲ့ပြီး သတင်းမီဒီ ယာဥပဒေအရ သတင်းမီဒီယာကောင်စီအား တိုင်ကြား၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပြီးနောက် ကောင်စီနှင့် ELEVEN တို့ ယနေ့နံနက်ပိုင်းက ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါတင်ပြစာကို ကောင်စီထံပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါတင်ပြစာအား သမ္မတထံတင်ပြပါက ၎င်းတို့၏အစီအစဉ်ဖြင့်ပေးပို့နိုင်ပြီး ညှိနှိုင်းဆောင်ရွက် သည့်အချိန်တွင် ကောင်စီအနေဖြင့် ပေးပို့နိုင်ခြင်းမရှိဟု ဟံသာဝတီဦးအုန်းကြိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ELEVEN ဂျာနယ်တွင် အောက်တိုဘာလ ၈ရက်က ပါရှိခဲ့သည့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ’ ဆောင်းပါးသည် တိုင်းအစိုးရအဖွဲ့အား ပြည်သူ များက ယုံကြည်မှုပျက်စေပြီး အကြည်ညိုပျက် စေသောကြောင့် Eleven Media Group မှ သတင်းသမားသုံးဦးကို တိုင်းအစိုးရက တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးနှင့် ပတ်သတ်၍ မှားယွင်းကြောင်း ပြန်လည်တောင်းပန်ရန် အစိုးရဘက်မှ တောင်းဆိုထားသည်။

“အစိုးရဘက်ကလည်း တောင်းပန်ရမယ်ဆိုတဲ့ဟာကို မလျော့ရင်အဆင်မပြေနိုင်ဘူး။ ထွက်ပေါက် တစ်ခုတော့ပေးရမယ်”ဟု သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က ပြော သည်။

မီဒီယာကောင်စီနှင့် ပထမအကြိမ်ဆွေးနွေးမှုတွင် တရားစွဲဆိုခံရသည့် သတင်းသမားသုံးဦးအနက် မှ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းတစ်ဦးသာ ပါရှိခဲ့ပြီး အယ်ဒီတာချုပ်ကိုကျော်ဇောလင်းက အာဆီယံအစည်းအဝေး သတင်းသွားရောက်ယူနေပြီး ဆောင်းပါးရှင်ဖြိုးဝေက လုပ်သက်ခွင့်ယူ ထားသဖြင့် ပါရှိလာခြင်းမရှိပဲ နိုဝင်ဘာ ၂၇ ရက်နေ့နောက်ပိုင်းမှသာ ကောင်စီထံသို့ လာရောက် ဖြေရှင်းနိုင်မည်ဟု ELEVEN Media Group မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောသည်။

“ကာယကံရှင်တွေကိုယ်နှိုက်က ဒီသတင်းဘယ်ကရလဲ Source ဘယ်ကနေရေးတယ် ဘာကြောင့် ရေးတယ်ဆိုတာ သူကိုယ်တိုင်ရှင်းပြမယ်။ ဒါကတော့ သူကအယ်ဒီတာလုပ်ပိုင်ခွင့်နဲ့ အယ်ဒီတာ ချုပ်ကလည်းရှင်းပြမယ်။ သတင်းရေးတဲ့ ဖြိုးဝေကလည်းရှင်းပြမယ်”ဟု ၎င်းကပြောသည်။
အစိုးရနှင့် သတင်းမီဒီယာကောင်စီတို့ နိုဝင်ဘာ ၁၅ရက်တွင် တွေ့ဆုံညှိနှိုင်းရန် ချိန်းဆိုထား ကြောင်း သိရသည်။

Leave a Reply