ရှို့မီးကြောင့် ယူဂန်ဒါဘော်ဒါတွင် ကျောင်းသား ၁၀ ဦးသေဆုံး

0
127

နိုဝင်ဘာ ၁၄
နိုင်ငံတကာသတင်း

နိုဝင်ဘာလ(၁၂)ရက်ညပိုင်းက ယူဂန်ဒါနိုင်ငံမှာရှိတဲ့ဘော်ဒါကျောင်းတစ်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ကျောင်းသား (၁)ဦးက မီးရှို့ခဲ့တာကြောင့် ကျောင်းသား(၁၀)ဦးသေဆုံးပြီး နောက်ထပ်အယောက်(၃၀)ဒဏ်ရာရခဲ့တယ်လို့ ယူဂန်ဒါရဲတပ်ဖွဲ့က ပြောပါတယ်။

ကျောင်းတံခါးပိတ်ထားချိန်မှာ မီးရှို့ခဲ့တယ်ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ဆက်စပ်လို့ စည်းကမ်းမလိုက်နာတာကြောင့် စိန့်ဘားနတ်အလယ် တန်းကျောင်းက ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားဟောင်း(၃)ဦးနဲ့ ကျောင်းစောင့်တို့ကိုထိန်းသိမ်းထားတယ် လို့လည်းသိရပါတယ်။

ထိန်းသိမ်းခံထားတဲ့ကျောင်းသားတွေက အခုနှစ်မှာ ကျောင်းထုတ်ခံခဲ့ရတဲ့ကျောင်းသား(၁၅)ဦးထဲမှာပါဝင်နေပြီး တချို့က ကျောင်းသားတွေကို အန္တရာယ်ပြုမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ ယူဂန်ဒါရဲတပ်ဖွဲ့ရဲ့ဒုတိယပြောခွင့်ရသူ ပတ်ထရစ် အွန် ယန်ဂိုက ပြောပါတယ်။

ဒဏ်ရာရသူအများစုကလည်း မီးလောင်ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး သေဆုံးသူဦး ရေမြင့်တက်လာဖွယ်ရှိနေတယ်လို့ ရဲတပ်ဖွဲ့ကခန့်မှန်းနေကြပါတယ်။

တံခါးဖျက်ဝင်ခဲ့ရပြီး မီးထဲပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ရတယ်လို့ ယူဂန်ဒါကြက်ခြေနီအဖွဲ့ကပြောပါတယ်။ မျိုးဗီဇစစ်ဆေး မှုတွေပြုလုပ်ပြီး သေသူတွေကို ခွဲခြားနေတဲ့အတွက် မြေမြှုပ်ဖို့တော့ အချိန်ယူရဦးမယ်လို့လည်း ပြောပါတယ်။

Source-CNN

#ဥက္ကာ
#TheFifthWaveNews

Leave a Reply