သေဆုံးသူ ​ဒေါ်ကရင်​မ၏ မိခင်​ဖြစ်​သူ ထွက်​ဆိုချက်​ ယ​ခင်​ သက်​​သေများ၏ ထွက်​ဆိုချက်​နှင့်ကွဲလွဲမှုများရှိ​နေ

0
119

နိုဝင်ဘာ ၁၄
သော်လင်းထက်

ဆွဲကြိုးခိုးသည်​ဟု စွပ်​စွဲကာ ​အိမ်​အကူ​ဒေါ်ကရင်​များအား ​သေဆုံးသည်​အထိ ညှင်းပန်းနှိပ်​စက်​ခဲ့သည့်​ ဥပ​ဒေအရာရှိ အမှုအား ယ​နေ့​နံနက်​ပိုင်းက ရန်​ကုန်​​တောင်​ပိုင်းခရိုင်​တရားရုံးတွင်​ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ တရားလိုပြသက်​​သေအဖြစ်​ ​သေဆုံးသူ​ဒေါ်က​ရင်​မ၏ မိခင်​ဖြစ်​သူကို စစ်​​ဆေးခဲ့​သော်​လည်း ယခင်​ စစ်​​ဆေးပြီး​သော လိုပြသက်​​သေ ၁၄ ဦး၏ ထွက်​ဆိုချက်​များနှင့်​ ကွဲလွဲစွာထွက်​ဆိုခဲ့သည်​။

ဒေါ်ကရင်​မ၏ မိခင်​ဖြစ်​သူမှ သေဆုံးသူ အိမ်အကူ ဒေါ်ကရင်မသည်​ မသေဆုံးမှီအချိန်ထိ ၄င်းနှင့်​ အဆက်အသွယ်ရှိကြောင်း၊မသေဆုံးမှီက အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစု၏ဆွဲကြိုးအား ယူထား​သည်​ ဆိုသည်​ကို ဒေါ်ကရင်မ၏ရွာမှ သူငယ်ချင်းများ ပြောထား​သည်​ကို ကြားမိကြောင်း ဟုထွက်ဆိုခဲ့သည်​။

သို့​သော်​ တရားလိုပြသက်သေ ၁၄ ဦးသည်​ ဒေါ်ကရင်မနေထိုင်ခဲ့သည့်​ ကျေးရွာမှလူတွေဖြစ်ပြီး ဒေါ်ကရင်မ မသေဆုံးမှီအချိန်​က ​​ဒေါ်ကရင်​မအား အိမ်ရှင်​​ဒေါ်သိဂီစုမှ ဆွဲကြိုးပျောက်ဆုံးမှုနှင့်​ ပတ်သက်၍ ညှင်းပန်းနှိပ်စက်ခဲ့သည်​ဆိုကာ ရရှိခဲ့သည့်​ ဒဏ်ရာများအား ပြသခဲ့​​သည်​ဟု ထွက်​ဆိုထားသည်​​။

“အိမ်အကူဒေါ်ကရင်မဟာ အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုထံမှာ အလုပ်လုပ်ကိုင်ရင်း လပိုင်းအကြာမှာ အိမ်ရှင်ဖြစ်သူက ရွာကို လာရောက်ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ရွာရောက်ပြီး နာရီပိုင်းအကြာမှာ ဒေါ်ကရင်မဟာ သေဆုံးခဲ့ရပြီး သူမသေဆုံးခင်မှာ အိမ်ရှင်ဖြစ်သူက ညှင်းပန်းနှိပ်စက်ခဲ့ကြောင်းနဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို အိမ်နီးနားချင်းတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်”ဟုဒေါ်ကရင်​မဘက်​မှလိုက်​ပါ​ဆောင်​ရွက်​​ပေး​နေသူ တရားလွှတ်​​တော်​​ရှေ့​နေ ​ဒေါ်စန်းစန်းမြင့်​က​ပြောသည်​​။

ပဲခူးခရိုင်​ဥပ​ဒေရုံး၊အင်းတိုင်​သံချပ်​ကာတပ်​ရင်း၊အရာရှိရိပ်​သာ​နေအိမ်​တွင်​ အိမ်​​ဖော်​အဖြစ်​ လုပ်​​ကိုင်​​သော အသက်​ (၄၀)နှစ်​အရွယ်​ရှိ ​ဒေါ်ကရင်​မ(ခ)​ဒေါ်ခင်​စန္ဒာဦးအား အိမ်​ရှင်​ဖြစ်​သူ ပဲခူးခရိုင်​ဥပ​ဒေရုံးမှ ဒုဦးစီးမှူးအဆင့်​ရှိသူ ​ဒေါ်သိင်္ဂီစုမှ ​မေ ၁၉ရက်​က ​နေမ​ကောင်းဖြစ်​​မေသည်​ဟုဆိုကာ ၄င်း​နေထိုင်​ရာ တွံ​တေးမြို့နယ်​၊ခတိ​ကျေးရွာအုပ်​စု အုပ်​ဖို​ကျေးရွာသို့ ရပ်​မိရပ်​ဖများ​ခေါ်ပြီးငွေ၁၈၀၀၀၀​ပေးကာပို့​ဆောင်​​၍ပြန်​သွားခဲ့သည်​။

ယင်း​​နောက်​ ​ဒေါ်ကရင်​မမှ ​ဆေးရုံးပို့​ပေးရန်​​ပြောသဖြင့်​ ​မေးမြန်းရာ ၄င်းအားအိမ်ရှင်​အမျိုးသမီးမှ စွဲကြိုးခိုးသည်​ဟုစွပ်​စွဲကာ ​ခြေ​ထောင်​ဖြင့်​ကန်​ခြင်း၊​ကျောက်​ပြင်​နှင့်​ထုခြင်းများပြုလုပ်​ခဲ့​ကြောင်း​ပြောသဖြင့်​ကြည့်​ရှုရာ ဒဏ်​ရာများအား​တွေ့ ရှိရသော​ကြောင့်​ ​ကျေးရွာရာအိမ်​မှူးမှ အုပ်​ချုပ်​​ရေးမှူးအားသွာ​ရောက်​အ​ကြောင်းကြားပြီးပြန်​လာစဉ်​တွင်​ ​ဒေါ်ကရင်​မ​သေဆုံးခဲ့သဖြင့်​ ​အုပ်​ဖို​ကျေးရွာရာအိမ်​မှူး ဦး​အေး​သောင်းမှ ခ​လောက်​​ချိုက်​နယ်​​မြေ ရဲစခန်းသို့်တိုင်​ကြားခဲ့ခြင်းဖြစ်​သည်​။

လက်​ရှိတွင်​ အမှုနှင့်​ပတ်​သက်​၍ လိုပြသက်​​သေ၁၅ဦးစစ်​ပြီးပြီ ဖြစ်​​ပြီး ​နောက်​ရုံးချိန်းအား နိုဝင်​ဘာ ၂၈ ရက်​သို့ပြန်​လည်​ချိန်းဆိုထားသည်​။

Leave a Reply