ဒေါ်အောင်ဆန်းစုကြည်ကို မိုက်ပန့်စ်ပြင်းပြင်းထန်ထန်ဝေဖန်

0
132

နိုဝင်ဘာ ၁၄
ဥက္ကာ

မြန်မာနိုင်ငံက ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)မွတ်ဆလင်တွေအရေးဖြေရှင်းတာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မဒေါ် နယ်ထရမ့်အစိုးရရဲ့အပြင်းထန်ဆုံးရှုတ်ချမှုတစ်ရပ်အနေနဲ့ အမေရိကန်ဒုတိယသမ္မတမိုက်ခ် ပန့်စ်က နိုဝင်ဘာလ(၁၄)ရက်(ဒီနေ့) မှာပြောပါတယ်။

ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)တွေနဲ့ဆက်စပ်တဲ့ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ စင်ကာ ပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးမှာ ပန့်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ်တွေ့ဆုံစဉ် ပန့်စ်က ပြောခဲ့တာပါ။

နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေကိုချိုးဖောက်ခဲ့တဲ့အတွက် ထောင်ဒဏ်(၇)နှစ်ကျခံရဖို့ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အမိန့်ချခံခဲ့ ရတဲ့ရိုက်တာသတင်းအေဂျင်စီရဲ့သတင်းစာဆရာ(၂)ဦးကို လွတ်ငြိမ်းခွင့်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံးခဲ့မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)(၇)သိန်း(ကုလသမဂ္ဂစာ ရင်းအရ)ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တာဟာ လက်ခံဖွယ်မရှိဘူးလို့ ခေါင်းဆောင်(၂)ဦးရဲ့တံခါးပိတ်ဆွေးနွေးမှုမတိုင် ခင် မီဒီယာတွေကိုပြောခဲ့တဲ့အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။

“အသက်ဆုံးရှုံးမှုတွေအပါအ၀င် ထိခိုက်ခံစားရမှုတွေဖြစ်စေပြီး လူသိန်းချီထွက်ပြေးခဲ့ရတဲ့အင်အားသုံးခဲ့မှုတွေအတွက် တာဝန်ရှိ သူတွေကို ထိန်းသိမ်းထားတဲ့တိုးတက်မှုတွေကို နားထောင်ဖို့ စိုးရိမ်မိတယ်”လို့ပန့်စ်ကပြောပါတယ်။

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)စစ်သွေးကြွတွေက တိုက်ခိုက်မှုတွေလုပ် ခဲ့လို့ မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး လူနည်းစုမွတ်ဆလင်တွေကို ဖိနှိပ်ခဲ့တာမျိုးမရှိဘူးလို့ မြန်မာဘက်က ငြင်းဆိုထားပြီး တပ်ဖွဲ့တွေက တရားဝင်သူပုန်တုံ့ပြန်ရေးစစ်ဆင်ရေးတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

“လူတွေမှာ အမြင်အမျိုးမျိုးရှိကြပေမဲ့ အဓိကအချက်က အဲဒီအမြင်တွေကို ဖလှယ်ပြီး တစ်ယောက်နဲ့တစ်ယောက်ပိုနားလည် အောင် ကြိုးစားသင့်တာက အရေးကြီးပါတဲ့အချက်ဖြစ်တယ်”ကို ပန့်စ်ကိုတုံ့ပြန်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါ တယ်။

“နောက်တစ်ခုပြောရရင် ကျွန်မတို့ရဲ့နိုင်ငံကို ကျွန်မတို့က သူများနိုင်ငံတွေထက်ပိုနားလည်ပြီးတော့ ရှင့်အနေနဲ့လည်း အခုလိုပဲ ရှင့်နိုင်ငံကို သူများနိုင်ငံတွေထက်ပိုပြီးနားလည်တယ်ဆိုတာ ပြောလိမ့်မယ်လို့ ကျွန်မအသေအချာပြောနိုင်ပါတယ်”လို့ ဒေါ်အောင် ဆန်းစုကြည်ကပြောပါတယ်။

ရခိုင်ဒေသကရက်စက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို တာဝန်ခံမှုအပြည့်နဲ့ထိန်းသိမ်းထားဖို့ နိုဝင်ဘာ(၁၅)ရက်(မနက် ဖြန်)မှာ ပန့်စ်နဲ့တွေ့ဆုံမယ့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကလည်း တိုက်တွန်းသွားဖို့ရှိနေတယ်လို့ ထိပ်သီးအ စည်းအဝေးအတွက် အာရှနိုင်ငံတွေပြင်ဆင်ထားတဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ အမေရိကန်ဘက်က စွပ်စွဲခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လူအစုလိုက်အပြုံလိုက်သေစေဖို့ရည်ရွယ်ပြီး လူသတ်တာ၊ အဓမ္မကျင့်တာနဲ့ မီးရှို့ခဲ့တဲ့လုပ်ရပ်တွေပြုလုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂထောက်ခံထားတဲ့စုံစမ်းရေးမှူးတွေက စွပ်စွဲထားပါတယ်။

Source-Reuters

#TheFifthWaveNews

Leave a Reply