ဓါးထောက်ပြီး ချစ်ခွင့်ပန်သူကို ဖမ်းဆီးအမှုဖွင့်

0
219

နိုဝင်ဘာ ၁၅
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃ လမ်း နှင့် သိပ္ပံလမ်းကြားတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ညနေပိုင်းအချိန်က အမျိုးသမီးအား ဓါးဖြင့်ထောက် ချစ်ခွင့်ပန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဓါးဖြင့်ထောက် ချစ်ခွင့်ပန်သူမှာ လှိုင်မင်းအောင် (၂၀) နှစ် ဖြစ်ပြီး ကောင်မလေးမှာ ကိုယ်ပိုင်ကျောင်းတစ်ခုမှ ကျောင်း ဆရာမဖြစ်ကာ နေအိမ်သို့အပြန်လမ်းတွင် လည်ပင်းအားဓားဖြင့်ထောက်၍ ချစ်ခွင့်ပန်ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်မလေးနဲ့က သူငယ်ချင်းတယ် ။ အိမ်မှာ တခါတလေ အဝင်အထွက်ရှိတယ် ။ ကောင်မလေးဘက်ကနေ အမှုထပ်ဖွင့်သွားဖို့ရှိတယ်” ဟု ဓါးဖြင့်ထောက်ခံရသည့် ကောင်မလေးနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

လည်ပင်းအား ဓားဖြင့်ထောက်ခံရသည့်အတွက် ကောင်မလေးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကာ ဓါးဖြင့်ထောက်သူ လှိုင်မင်းအောင်အား ဖမ်းဆီးရမိထားပြီး မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်း က လက်နက်မှုဖြင့် ကနဦးအမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply