ANP ပါတီမှ နုတ်ထွက်စာတင်ထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဦးဆောင်သည့် ပါတီနှင့် ပူးပေါင်းမည် ဟုဆို

0
156

နိုဝင်ဘာ ၁၆
ကျော်သူမြင့်

ရခိုင်အမျိုးသားပါတီ ANPမှ နုတ်ထွက်မည်ဟု စာတင်ထားသည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ကျောက်ဖြူမြို့နယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်သည် ဒေါက်တာအေးမောင်ဦးဆောင်တည်ထောင်သည့် ရခိုင့်ဦးဆောင်ပါတီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ၎င်းကအတည်ပြုပြောသည်။

“အဖွဲ့အစည်းဆိုတာ ဘယ်သူထောင်ထောင်ရတယ်။ ခေါင်းဆောင်ဆိုတာ လူတိုင်းမဖြစ်နိုင်ဘူး ဒေါက်တာအေးမောင်က အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပြီးလုပ်နေတာ။ ဒီလိုလူမျိုးလိုအပ်တယ် အဲ့တာကြောင့် ဒေါက်တာအေးမောင်နဲ့ ပူးပေါင်းမှာပါ”ဟု ဦးကျော်လွင်က ပြောသည်။

ANP ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာအေးမောင်သည် လက်ရှိအချိန်တွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ-၁၂၂(၁) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် စွဲချက်တင်ဖမ်းဆီးခံထားရသည်။

ဒေါက်တာအေးမောင်သည် ANP ပါတီမှ နုတ်ထွက်စာတင်ထားခဲ့ပြီး ၎င်း၏နုတ်ထွက်စာပါအချက် အလက်များကို စုံစမ်းစစ်ဆေးခြင်းမရှိပဲ ရာထူးချခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် ပါဝင်မှုအား ရုတ်သိမ်းလိုက်ခြင်းတို့ကြောင့် ပါတီမှနုတ်ထွက်ရခြင်း ဖြစ် ကြောင်းဦးကျော်လွင်က ပြောသည်။

“အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကော်မတီဖွဲ့စစ်ဆေးဖို့ ပါတီဗဟိုမှာ တင်ပြခဲ့တယ်။ သူတို့အရေးမလုပ် ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

ANP ပါတီအား ၂၀၁၃ခုနှစ်တွင် ရခိုင်အမျိုးသားဖွံ့ဖြိုးရေးပါတီRNDPနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ALD မှာ ပြန်လည်ခွဲထွက်ခဲ့ပြီး ပါတီမှတ်ပုံပြန်လည်တင်ခဲ့ သည်။

“အန်တီတို့ကို နုတ်ထွက်ဖို့ စာတင်ထားတာတွေရှိပါတယ်။ ဒီပြည်ထောင်စုလွှတ်တော်အပြီးမှာ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးရှိတယ် အဲ့ဒီမှာဆုံးဖြတ်သွားမယ်”ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင် စောဝေက ပြောသည်။

ယခုနုတ်ထွက်စာတင်ခဲ့သည့် ဦးကျော်လွင်သည် ရသေ့တောင်မြို့နယ်၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၁၀၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်း အနိုင်ရရေးအတွက် ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှား မှုများကို ဦးဆောင်ပြုလုပ်ခဲ့သူဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် အောက်တိုဘာ ၃၁ရက်က ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီးဖြစ်သည်။

Leave a Reply