ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားဝင်ရောက်မှု ယခင်နှစ်များထက် အနည်ငယ်ကျဆင်း

0
166

နိုဝင်ဘာ ၁၇
မေစု

မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားဝင်ရောက်မှု ကဏ္ဍတွင် အဓိကဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ယခင် နှစ်များကထက် ခရီးသွားဝင်ရောက်မှု အရေအတွက် လျော့ကျသွားကြောင်း လေဆိပ်တွင် ဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) မှသိရသည်။

၂၀၁၇ခုနှစ် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ခရီးသည်ဦးရေ ၅ဒသမ ၂မီလီယံ ဝင်ရောက်ခဲ့ပြီး ယခု၂၀၁၈ခုနှစ် တွင်အနည်းငယ် ကျဆင်းသွားကာ နိုင်ငံခြားသားခရီးသွားဧည့်သည် ၅သန်းကျော်ခန့်သာလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့လာရောက်မှုရှိကြောင်းသိရသည်။

“လေယာဉ်အသေးအကြီးလိုက် နိုင်ငံတကာလေကြောင်းလိုင်းတွေ ဆင်းနိုင်အောင် ၀န်ဆောင်မှုတွေပေး နေပါတယ်။ မြန်မာနိုင်ငံ ကိုဆင်းဖို့ လေယာဉ်အကြီးနဲ့ဆင်းရင် ခရီးသည်တွေ အများကြီး ရောက်တယ်။ ခရီးသည်ရဲ့ အ၀င်အထွက်နှုန်းက လေကြောင်းလိုင်းပေါ် မူတည်တယ်။ တစ်ချို့ လေကြောင်းလေးတွေက လေယာဉ်အကြီးစား လူဦးရေ ၂၀၀ ကနေ ၃၀၀ အထိ သယ်ဆောင်နိုင်တဲ့ လေယာဉ်တွေဆင်းသက်တယ်။ နောက်ပိုင်းမှာ လေကြောင်း လိုင်းတွေ တိုးမြှင့်နိုင်မယ်” ဟု YACL ၏ CEO Mr. Jose Angeja ကပြောသည်။

ဥရောပနှင့်အနောက်နိုင်ငံများ မှကမ္ဘာလှည့်ခရီးသွားများ လေဆိပ်မှတစ်ဆင့်ပြည်တွင်းဝင်ရောက်မှု အရေအတွက်လျော့ကျ လာခြင်းကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ နှင့်ဆက်စပ်လုပ်ငန်းများ အနေဖြင့်ယခင်ထက် လုပ်ငန်းကောင်းမွန်မှု မရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူအသိုင်းအဝိုင်းမှ သိရသည်။

“ဧည့်သည် ၅ သန်းမြောက်တောင် ရောက်ရှိလာပြီဆိုတော့ ၀မ်းသာအားရကြိုဆိုပါတယ်။ ဒီနှစ်မှာဆိုရင် တရုတ် လေကြောင်းလိုင်းတွေလည်း အများကြီးတိုးလာတယ်။ ဒီကနေ့ နိုင်ငံက တံခါးဖွင့်တာဖြစ်တဲ့အတွက် ပွင့်ပွင့် လင်းလင်းနဲ့ မြန်မာကိုသိအောင် လုပ်ဖို့လိုနေပြီ” ဟုမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဦးရန်ဝင်းကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၏ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု လုပ်ဆောင် နေသောYangon Aerodrome Company Limited( YACI ) မှလည်း နိုဝင်ဘာလအတွင်း၌ လေဆိပ်သို့ရောက်ရှိလာသည့် ၅သန်းမြောက် ခရီးသွားဧည့်သည် အားကြိုဆိုခဲ့ကြောင်းသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသော ၅သန်းမြောက်ခရီးသွား သည်ဂျပန်နိုင်ငံသားဖြစ်ပြီး ၎င်းကိုငွေကျပ် ၁၀ သိန်းနှင့် အခြား ကျပ် ၁၀ သိန်းတန်ဖိုးရှိ လက်ဆောင် ပစ္စည်းများကို(YACI) မှကြိုဆိုပေးအပ်ခဲ့ကြောင်းသိရသည်။

Leave a Reply