ကမ္ဘာ့ဘဏ်ထုတ်ပြန်သည့် အညွှန်းကိန်း တက်စေမည့် ဆောင်ရွက်ချက်များရှိ ဟု စီးပွား/ကူးသန်း ဒုဝန်ကြီးပြော

0
106

နိုဝင်ဘာ ၁၈
ဝေဝေဖြိုး

မြန်​မာနိုင်​ငံကုမ္ပဏီများဥပဒေပြဌာန်းခြင်း ၊အွန်​လိုင်းမှ မှတ်​ပုံတင်​ခွင့်​ပြုခြင်း ၊ကုမ္ပဏီ မှတ်​ပုံတင်​အခကြေးငွေများကို လျော့ချခြင်း ၊အကောက်​ခွန်​ဆိုင်​ရာ ဥပဒေသစ်​ကိုရေးဆွဲခြင်း ၊ နိုင်​ငံခြားဘဏ်​များကို ကုမ္ပဏီများနှင့်​ ကုန်​သွယ်​မှုလုပ်​ငန်းများအား ချေးငွေထုတ်​ချေးခွင့်​ ပြုခြင်း စသည့်​ ဆောင်​ရွက်​ချက်​များသည်​ လာမည့်​နှစ်​ ကမ္ဘာဘဏ်​က ထုတ်​ပြန်​မည့်​ East of Doing Business မြန်​မာနိုင်​ငံ၏ အညွှန်းကိန်းကို တိုးတက်​စေနိုင်​မည်​ဖြစ်​ကြောင်း စီးပွားရေး
နှင့်​ကူးသန်းရောင်းဝယ်​ရေးဝန်​ကြီးဌာန မှ ဒုတိယဝန်​ကြီး ဦးအောင်​ထူးကပြောသည်​။

နိုဝင်​ဘာလ ၁၇ရက်​က ကုန်​သည်​စက်​မှုအသင်းချုပ်​တွင်​ ပြုလုပ်​သည့်​ ၂၁ ကြိမ်မြောက် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်​သည်​။

“ဒီဆောင်​ရွက်​ချက်​တွေဟာ လာမယ့်​နှစ်​မှာ မြန်​မာနိုင်​ငံရဲ့ အညွှန်းကိန်းတွေကို တိုးတက်​စေမှာဖြစ်​ပါတယ်​။မြန်​မာနိုင်​ငံအနေနဲ့ လာမယ့်​ ၃နှစ်​ မှာ အဆင့်​ ၁၀၀ အောက်​ရောက်​ရှိဖို့ကို ရည်​မှန်းထားတာဟာ ရည်​မှန်းချက်​ကြီးမားတယ်​လို့မဆိုနိုင်​ပါဘူး။ သက်​ဆိုင်​ရာတာဝန်​ရှိပုဂ္ဂိုလ်​များ ၊ပုဂ္ဂလိကကဏ္ဍက အဖွဲ့အစည်းများအနေနဲ့ ပြင်းပြင်းထန်​ထန်​ကြိုးစားရင်​ ရကိုရနိုင်​တဲ့ ရည်​မှန်းချက်​လို့ သုံးသပ်​ပါတယ်​။ မြန်​မာနိုင်​ငံအနေနဲ့ ၂၀၁၈ မှာ ပြုပြင်​ပြောင်းလဲမှုတွေ ပြုလုပ်​ခဲ့ပေမယ့်​ အညွှန်းကိန်းအဆင့်​ မတိုးတက်​ခြင်းက တချို့ ပြောင်းလဲမှုများဟာ အညွှန်းကိန်းအဆင့်​ တွက်​ချက်​တဲ့ နောက်​ဆုံးလဖြစ်​တဲ့ မေလ နောက်​ပိုင်းမှာ ပြုလုပ်​ခဲ့မှုကြောင့်​ ဖြစ်​ပါတယ်​”ဟု ၎င်းကပြောသည်​။

၂၀၁၈ ခုနှစ်​အတွက်​ အောက်​တိုဘာလအတွင်းက ထုတ်​ပြန်​ခဲ့သော ကမ္ဘာ့ဘဏ်​၏ ထုတ်​ပြန်​ချက်​တွင်​ မြန်​မာနိုင်​ငံသည်​ စီးပွားရေးလုပ်​ကိုင်​ရန်​ လွယ်​ကူသော နိုင်​ငံပေါင်း ၁၉၀ ၌ အဆင့်​ ၁၇၁ တွင်​ ရပ်​တည်​နေသော်​လည်း အစိုးရအနေဖြင့်​ လာမည့်​ ၃နှစ်​အတွင်း အဆင့်​ ၁၀၀ အောက်​ ရောက်​ရှိရန်​ ရည်​မှန်းချက်​ ထားရှိထား​သည်​။

ကမ္ဘာ့ဘဏ်​အနေဖြင့်​ မြန်​မာနိုင်​ငံ၏ ပြုပြင်​ပြောင်းလဲ မှုများတွင်​ စီးပွားရေးလုပ်​ငန်းများစတင်​ခြင်း ၊ဆောက်​လုပ်​ရေးပါမစ်​များထုတ်​ပေးခြင်းနှင့်​ လျှပ်​စစ်​ဓာတ်​အား ရရှိမှုအပိုင်းတွင်သာ တိုးတက်​မှုရရှိခဲ့သည်​ဟု မှတ်​တမ်းတင်​နိုင်​ခဲ့ပြီး ကဏ္ဍ ၁၀ ခုရှိသည့်​အနက်​ အဆိုပါ ကဏ္ဍ ၃ ခုတွင်​သာ တိုးတက်​မှု ရရှိခဲ့သည့်​အတွက်​ အားရကျေနပ်​ဖွယ်​မရှိသည်​ကို တွေ့ရှိရကြောင်း ၎င်းကဆိုသည်​။

“လာမယ့်​ ၃နှစ်​ မှာ မြန်​မာနိုင်​ငံရဲ့ အညွှန်းကိန်းကို အဆင့်​ ၁၀၀ အောက်​ ရောက်​ရှိနိုက်​ဖို့ကို အစွမ်းကုန်​ကြိုးစားရမှာ ဖြစ်​ပါတယ်​။ဒီရည်​မှန်းချက်​ကို ရနိုင်​မရနိုင်​ သံသယ ဖြစ်​ကြပေမယ့်​ ယခုနှစ်​နိုင်​ငံတကာ အညွှန်းကိန်းများရဲ့ အခြေနေကို လေ့လာရာမှာ ဖြစ်​နိုင်​တယ်​ဆိုတာကို တွေ့ရပါတယ်​”ဟု ဒုတိယဝန်​ကြီး ဦးအောင်​ထူးက ပြောသည်​။

ထို့ပြင်​ စီးပွားရေးနှင့်​ကူးသန်းရောင်းဝယ်​ရေးဝန်​ကြီးဌာနမှစီးပွားရေး လုပ်​ကိုင်​ရလွယ်​ကူမှုအခြေနေကို လေ့လာသည့်​ ကမ္ဘာဘဏ်​၏ East of Doing Business ကို အများပြည်​သူများ ပိုမိုသိရှိနားလည်​စေရန်​အတွက်​ ဝဘ်​ဆိုဒ်​တစ်​ခု တည်​ထောင်​ရန်​ ပြင်​ဆင်​ဆောင်​ရွက်​လျက်​ရှိကြောင်းသိရသည်​။

” East of Doing Business က အလွန်​အရေးကြီးပါတယ်​ ။နိုင်​ငံတကာ လှည့်​လည်​ပြီးတော့ ကုန်​သွယ်​မှုလုပ်​ဖို့ ရင်းနှီးမြှုပ်​နှံမှုလုပ်​ဖို့ ဖိတ်​ခေါ်တဲ့အခါမှာ တချို့က ဒါကို ကြည့်​ပါတယ်​။ဒါကြောင့်​မို့ ဒါကို ပြင်​ဆင်​မယ့်​အနေအထားမှာ ပုဂ္ဂလိကရော အစိုးရအဖွဲ့တွေရော ဝန်​ကြီးဌာနတွေရောက ထိထိရောက်​ရောက်​ ပိုလုပ်​သင့်​ပါတယ်​။ဝဘ်​ဆိုဒ်​တစ်​ခု တင်​တော့မယ်​ဆိုတာ အင်​မတန်​မှ ကောင်းပါတယ်​ ။ဒါမှလဲ ပုဂ္ဂလိကလုပ်​ငန်းရှင်​တွေက ပိုပြီးသိမှာဖြစ်​ပါတယ်​ ။လိုအပ်​ချက်​တွေကိုလည်း ပြင်​ဆင်​လို့ရမှာဖြစ်​ပါတယ်​”ဟု ကုန်​သည်​စက်​မှုအသင်းချုပ်​ ဥက္ကဋ္ဌ ဦးဇော်​မင်းဝင်းကပြောသည်​။

စီးပွားရေး လုပ်​ကိုင်​ရလွယ်​ကူမှုအခြေနေကို လေ့လာသည့်​ ကမ္ဘာဘဏ်​၏ East of Doing Business တွင်​ အထောက်​အကူပြုကဏ္ဍ ၁၀ ခုအပြင်​ ကဏ္ဍ ၂ခုကို ထပ်​မံထည့်​သွင်းသွားရန်​ ရှိကြောင်းသိရသည်​။

Leave a Reply