ကျောက်တန်းသို့ တရားမဝင်ရောက်ရှိလာသူများအား မှောင်ခိုပို့သူများကို ပေါက်တောတွင်ဖမ်ဆီး ရဲတပ်ဖွဲ့အဝိုင်းခံရသောကြောင့် သေနတ်ဖောက် လူစုခွဲရ

0
124

နိုဝင်ဘာ ၁၈
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသပေါက်တောမြို့နယ် အနာက်ရဲဒုက္ခသည်စခန်းတွင် လူမှောင်ခိုတရားခံများအား ပေါက်တောရဲတပ်ဖွဲ့မှ သွားရောက်ဖမ်ဆီးစဉ် အပြန်တွင်လူအုပ်စုဖြင့်ဝိုင်းဝန်းပြီး ခဲများဖြင့် ပစ်ပေါက်သည့်အတွက် လူစုခွဲရာ လေးဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

လူမှောင်ခိုတရားခံများအား ဖမ်းဆီးနိုင်ရေးအတွက် ဒုက္ခသည်စခန်းအတွင်းရှာဖွေခဲ့ရာ ဆာဘေ (ဘ) ဦးအီဆလင် ၃၅ နှစ်၊ အဘူဆော်ယော် (ဘ) ဦးနိုရာလောင် ၃၉ နှစ်တို့အား စခန်းမြောက်ဘက် တောင်ကုန်းပေါ်မှဖမ်းဆီးရမိခဲ့ပြီး အပြန်တွင် အနောက်ရဲဒုက္ခသည်စခန်းအနီး၌ ဘင်္ဂါလီများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသည့်အတွက် သေနတ်အချက် ၄၀ ခန့် ပစ်ဖောက်ပြီး လူစုဖြိုခွဲခဲ့ရကြောင်း သိရသည်။

“မနက်ပိုင်းက တရားဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့က အနောက်ရဲကိုသွားတယ်လို့သိရတယ်။ အဲဒီမှာ ဘင်္ဂါလီတွေကရဲတွေကိုဝိုင်းပြီး ခဲတွေနဲ့ပစ်တယ်။ အော်ဟစ်တယ်။ ၀ိုင်းထားတယ်ပေါ့။ အဲဒါကြောင့် ရဲက သူတို့ကို ပြန်ဆုတ်ဖို့ ပြောတယ် မဆုတ်တဲ့အတွက် မိုးပေါ်ထောင်ပြီး သေနတ်ဖောက်ခဲ့ရတယ်။ အဲဒီမှာဒဏ်ရာရသွားတယ်လို့ကြားတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ထွီးက ပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်တွင်ဖမ်းဆီရမိသည့် ဘင်္ဂါလီ ၁၀၆ ဦးတို့အား မလေးရှားနိုင်ငံသို့ပို့ဆောင်သည့် လူမှောင်ခိုသမားများမှာ အနောက်ရဲဒုက္ခသည်စန်းတွင်နေထိုင်သူများဖြစ်သည့်အတွက် ဆင်တက်မော်ရဲကင်းစခန်း၊ ဆင်တက်မော်အမှတ် ၂ လုံခြုံရေးတပ်ဖွဲ့၊ အနောက်ရဲလုံခြုံရေးရဲကင်းစခန်းတို့မှာ ရဲအင်အား ၃၂ ဦးတို့ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အနောက်ရဲဒုက္ခသည်စန်းက အနောက်ရဲရွာလိုမဟုတ်ဘူး။ ရဲကထိန်းချုပ်ရတာတော်တော်လေးကို ခက်ခဲတယ်။ ထိန်းချုပ်လို့မရဘူး။ အနောက်ရဲရွာကလူတွေနဲ့မတူဘူး။ သူတို့တွေက ဒီဒေသခံတွေမဟုတ်ဘူး။ တခြားဒေသတွေကထွက်ပြေးပြီး ရောက်လာသူတွေကို သီးသန့်စုထားတဲ့ဒုက္ခသည်စခန်းပါ။ ဘင်္ဂလာတို့ကိုလည်း အမြဲတမ်းအဲဒီစခန်းကပဲ အထွက်အ၀င်ရှိနေကြတာ။”ဟု ဦးအောင်ကျော်ထွီးက ပြောသည်။

သေနတ်ပစ်ဖောက်လူစုခွဲရာတွင် ဘင်္ဂါလီလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၀မ်းဗိုက်ဒဏ်ရာရသူတစ်ဦး၊ ပေါင်ရင်းဒဏ်ရာရသူတစ်ဦး၊ တင်ပါးဒဏ်ရာရသူတစ်ဦးနှင့် ခြေသလုံးဒဏ်ရာရသူတစ်ဦးရှိပြီး လူစုဖြိုခွဲရာတွင် ရဲတပ်ဖွဲ့က သေနတ်အချက် ၄၀ ခန့်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်တောမြို့မရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတရာဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

Leave a Reply