ဆော်ဒီနှင့်ညွှန့်ပေါင်းတပ်ဖွဲ့များကို အပစ်ရပ်ထားမည်ဟု ဟူသီခွဲထွက်ရေးသမားများကြေညာ

0
137

နိုဝင်ဘာ ၁၉
နိုင်ငံတကာသတင်း

မောင်းသူမဲ့လေယာဉ်တွေနဲ့ဒုံးကျည်တွေသုံးပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု(U.A.E)နဲ့ သူတို့ရဲ့ညွှန့်ပေါင်း တပ်ဖွဲ့တွေကို တိုက်ခိုက်တာရပ်ဆိုင်းထားတယ်လို့ ယီမင်နိုင်ငံက ဟူသီခွဲထွက်ရေးသမားတွေက နိုဝင်ဘာလ(၁၉)ရက်မှာပြောပါ တယ်။

ကုလသမဂ္ဂရဲ့တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ဟူသီတွေက အခုလိုပြောခဲ့တာပါ။

(၂၀၁၁)ခုနှစ်ကတည်းကစတင်ခဲ့တဲ့ယီမင်ပြည်တွင်းစစ်ကြောင့် လူတစ်သောင်းလောက်သေဆုံးခဲ့ပြီး နိုင်ငံသားတော်တော်များ များအငတ်ဘေးကြုံနေရတဲ့အတွက် စစ်ရပ်ဆိုင်းဖို့ ပါဝင်တိုက်ခိုက်နေကြသူတွေကို နိုင်ငံတကာက ဖိအားပေးနေပါတယ်။

ပြည်တွင်းစစ်ရဲ့အဓိကဆုံမှတ်နေပြီး ယီမင်ရဲ့အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုဒေးဒါဆိပ်ကမ်းမြို့ကို တိုက်ခိုက်မှုရပ်ဆိုင်းဖို့ ဆော်ဒီ ဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေက အမိန့်ထုတ်ခဲ့ပြီးနောက် ဟူသီတွေက အပစ်ရပ်ဖို့ ပြောခဲ့တာပါ။

ယီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ဆက်သွယ်ခဲ့ပြီး သူ့ရဲ့တောင်းဆိုချက်အရ ရန်စနေတဲ့နိုင်ငံတွေ(ဆော်ဒီဦး ဆောင်သည့်ညွှန့်ပေါင်းတပ်ဖွဲ့များ)ကို ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ ဟူသီတော်လှန် ရေးကော်မတီဥက္ကဋ္ဌ မိုဟာမက် အလီ အယ်လ်ဟူသီရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာကျင်းပခဲ့တဲ့ ဟူသီတွေမတက်ရောက်ခဲ့တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပျက်ပြယ်ခဲ့တဲ့အတွက် ယီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် မာတင် ဂရစ်ဖစ်သ်က ကြိုးပမ်းနေပါတယ်။

အကူးအပြောင်းအစိုးရတစ်ရပ်ရဲ့အောက်မှာ ငြိမ်းချမ်းရေးမူဘောင်တွေကိုသဘောတူဖို့ အခုနှစ်မကုန်ခင်မှာ ဆွီဒင်နိုင်ငံမှာ ဆွေး နွေးနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း ဂရစ်ဖစ်သ်ကပြောပါတယ်။

ယီမင်နိုင်ငံဘက်က အဲဒီဆွေးနွေးမှုတွေကို တက်ရောက်သွားမယ်လို့ ကတိပြုထားတယ်လို့ နိုဝင်ဘာလ(၁၆)ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဂရစ်ဖစ်သ်ကပြောခဲ့ပြီး ယီမင်နိုင်ငံမြို့တော်ဆာနာက ဟူသီကိုယ်စားလှယ်တွေအတွက် လိုအပ်မယ်ဆိုရင် လုံခြုံရေးအပြည့်အ၀စီစဉ်ပေးမယ်လို့လည်း ကတိပြုထားပါတယ်။

ဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းတပ်ဖွဲ့တွေက ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် သူတို့ကလည်း ပိုကျယ်ပြန်တဲ့အပစ်ရပ်မှုအတွက် အဆင်သင့်ရှိနေတယ်လို့ ဟူသီတွေကပြောထားပြီး ကုလသမဂ္ဂဦးဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထောက်ခံတယ်လို့ ဆော် ဒီနဲ့ ယူအေအီးဘက်ကပြောထားပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply