အချုပ်သား ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးအား စုံခုံစစ်ဆေး

0
224

မန္တလေး၊ ဇန်နဝါရီ ၅ ၊ ၂၀၁၈

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တရားရုံးအချုပ်မှ တရားခံတစ်ဦး ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ စုံခုံဖွဲ့ စစ်ဆေးလျှက်ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထောင်ထုတ်တရားခံ ဇင်သူထက် (ခ) ငထက် (ခ) ကိုထက်သည် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့ပြီး စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာ သံတွဲရပ်ရှိ အဘွားဖြစ်သူနေအိမ် သို့ ထွက်ပြေးခဲ့ကြောင်း သတင်းရသည့်အတွက် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးခဲ့ကာ ထွက်ပြေးတရားခံကို ည ၁၂ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

အချုပ်တရားခံ ထွက်ပြေးလွတ်မြောက်မှုနှင့် ပတ်သတ်ပြီး အချုပ်ခန်း သော့ကိုင် ရဲတပ်သား သော်တာဝင်းကျော် ၊ လက်ထိပ်ခတ်ရမည့် ရဲတပ်သား ကျော်မင်းသူ ၊ ရဲတပ်သား အောင်ရမ်း ၊ ရဲတပ်သား သက်ပိုင်စိုး တို့ကို ချမ်းမြသာစည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်။

“စုံခုံစစ်တာက ဘယ်သူ့မှာ တာဝန်ပိုရှိတာလဲဆိုတာ သိရအောင်ပါ ။ ဖမ်းတယ်ဆိုတိုင်း အရေးမယူပါဘူး ။ ခုဖမ်းတဲ့နေရာမှာ အရာရှိ မပါတာကလည်း တရားရုံးထုတ်မှာဖြစ်တာကြောင့် တာဝန်ပိုရှိတဲ့သူကို ဖမ်းထားတာပါ ။” ဟု ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောသည်။

တရားခံထွက်ပြေးသည့်အတွက် ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူပါက အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် (၃) နှစ်ဖြစ်ပြီး ရဲတရားရုံးရဲ့ အမိန့်ချမှုအပေါ်မှာ မူတည်ကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply