မလေးရှားနှင့် မြန်မာတို့ ဆူဇူကီးဖလား ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြောစကားများ

0
76

” အခုအချိန်မှာ ကျွန်တော်တို့ အားလုံး အသင့်ဖြစ်နေကြပါပြီ။ မလေးရှားအသင်းက နားရက်ပိုရလို့ ဆိုပေမယ့် ကျွန်တော်တို့ အသင်းကလည်း ပြီးခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာကစားသမားတွေ အပြောင်းအလဲ လုပ်ပြီး အနားရအောင် စီစဉ်ထားပြီးသားပါပဲ။ ဗီယက်နမ်နဲ့ပွဲမှာ ကစားသမား (၅)အထိ အပြောင်းအလဲ လုပ်ပြီးကစားခဲ့တာ အားလုံးအမြင်ပါပဲ။ ဒါကြောင့် ပွဲပန်းမှုဒဏ် မရှိသလို အသင်းမှာ ပွဲပယ်၊ ဒဏ်ရာရ ကစားသမားလည်း မရှိပါဘူး။ ကစားသမား ၂၃ ဦးစလုံး လန်းဆန်းတက်ကြွနေကြပြီး မနက်ဖြန် ပွဲအတွက် အသင့်ဖြစ်နေမှာပါ။ မလေးရှား ပရိသတ်တွေ ကွင်းအပြည့်အားပေးကြမှာ ဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့မှာ ဖိအားရှိမနေပါဘူး။ ဘောလုံးပွဲတစ်ပွဲမှာ ပရိသတ်အများကြီးရှေ့မှောက် ကစားရတာ ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ကစားသမားတွေကို စိတ်ဓတ်ခွန်အား အမြင့်ဆုံးဖြစ်အောင်ရော ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ရော ကြိုးစားထားပါတယ်။ မနက်ဖြန်မှာ ရလဒ်ကောင်း ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ၂၀၁၆ ဆူဇူကီးဖလားမှာတော့ အိမ်ကွင်း (ရန်ကုန်)မှာ မလေးရှားကို မြန်မာက (၁-၀)ဂိုးနဲ့ နိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအသင်းကတော့အဲ့ဒီနှစ်က အသင်းမဟုတ်ပါဘူး။ နည်းပြအသစ်၊ ကစားသမား အသစ်တွေနဲ့ဖြစ်တဲ့အတွက် ကွာခြားမှုတွေ ရှိပါတယ်။ လက်ရှိ မလေးရှား အသင်းကလည်း အသင်းကောင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် မလေးရှား အသင်း ဘယ်လောက်ကောင်းတယ်ဆိုတာ တွေ့နိုင်ပါတယ်။ သူတို့အနေနဲ့ ကမ္ဘောဒီးယားနဲ့ ပွဲစဉ်မှာပဲ ရုန်းကန်ခဲ့ရတာပါ။ ဒါက မြက်တုကွင်း ဖြစ်နေတာကြောင့်လည်း ဆိုနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ရလဒ်ကောင်း ယူခဲ့နိုင်တာပါပဲ။ ကျွန်တော်တို့ အနေနဲ့လည်းမနက်ဖြန်မှာ အကောင်းဆုံး ယှဉ်ပြိုင် ကစားပြီး ဆီမီဖိုင်နယ် တက်ဖို့ကြိုးစားမှာပါ။

အန်တွမ်နီဟေး (မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်)

” နည်းပြကြီးရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော်တို့ အကောင်းဆုံး ကစားပြီး နိုင်ပွဲရအောင် ယူပါမယ်။ ကျွန်တော်တို့အတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးပါမယ်။ပြိုင်ဘက် ပရိသတ်တွေ အများကြီး လာအားပေးမှာဆိုပေမယ့် ကျွန်တော်တို့မှာ ဒီအတွက်နဲ့ ဖိအား မရှိပါဘူး။ သူတို့ဘာသာ စကားလည်း နားလည်တာ မဟုတ်တော့အခက်အခဲ မရှိပါဘူး။ နိုင်ပွဲရအောင် အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ”

ရဲရင့်အောင် (ကွင်းလယ်လူ၊ မြန်မာအသင်း)

” မြန်မာအသင်းဟာ လက်ရှိအုပ်စုမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်းကောင်း တစ်သင်းပါ။ ကစားပုံ ကျစ်လစ်ပြီးတော့ တန်ပြန်တိုက်စစ်နဲ့ မြန်မြန် ကစားတတ်တယ်။တစ်ဦးချင်းလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားလို့ မနက်ဖြန်ပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲပါမယ်။ ကွင်းလုံးအပြည့် အားပေးမယ့် ပရိသတ်တွေကြောင့်လည်း မနက်ဖြန်ပွဲဟာ တကယ့်ကို စိတ်ဝင်စားစရာ အပြည့်နဲ့ ပွဲကြီးပွဲကောင်း ဖြစ်သလို ကစားသမားတွေ အတွက်လည်း အကောင်းဆုံး စိတ်ဓာတ်မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုအပ်နေတဲ့ အနိုင်(၃)မှတ် ရယူနိုင်မယ်လို့လည်း ယုံကြည့်ထားပါတယ်။”

တန်ချန်ဟိုး (မလေးရှား လက်ရွေးစင် အသင်းနည်းပြချုပ်)

Credit : MFF

Leave a Reply