မောင်တောမြောက်ပိုင်းတွင် တပ်မတော်ကားတစ်စီး ဖောက်ခွဲခံရ

0
250

ရန်ကုန် ၊ ဇန်န၀ါရီ ၅၊ ၂၀၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့မနက်ပိုင်းက ဆွဲမိုင်းထိသောကြောင့် တပ်မတော်မော်တော်ယာဉ်တစ်စီးဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ပေါက်ကွဲမှုက ပြင်းတယ်။ ပေါက်ကွဲတဲ့နေရာနဲ့ ငါးမိုင်လောက်ဝေးတဲ့ ရွာကနေတောင် ပေါက်ကွဲတဲ့အသံကို ကြားရတယ်။ တပ်မတော် ကားတစ်စီးဖြတ်မောင်းချိန်ကို ဆွဲမိုင်းနဲ့ ဖောက်တာ။ ထိခိုက်ဒဏ်ရာ နည်းနည်းရှိတယ်လို့ကြားတယ်” ဟု မောင်တောမြို့၊ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့၏ ဒုတိယဥက္ကဌ ဦးခင်ဝင်း ၏ပြောပြချက် အရသိရသည်။

ပေါက်ကွဲရာနေရာသည် မောင်တောမြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် တောင်ပြို လက်ဝဲ ကြိမ်ချောင်း သွားသည့် ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ အခုပေါက်တဲ့နေရာက ဟိုနေ့က ခိုးဝင်တဲ့ဘင်္ဂလီတွေကို ပစ်သတ်လိုက်တဲ့နေရာ နားမှာ ဖြစ်တာ “ ဟု ဦးခင်ဝင်း က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးများဆောင်ရွက် နေပြီဖြစ်ကြောင်းလည်း ၄င်းပြောပြချက်အရသိရသည်။

သျှင်ရဲထွဋ်

Leave a Reply