UWSP၏ကိုယ်ပိုင်ငွေကြေးထုတ်မည်ဆိုသည်မှာမဟုတ်မှန်ဟု ငြင်းဆို

0
240

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ၊၂၀၁၈

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPမှ ကိုယ်ပိုင်ငွေကြေး ထုတ်လုပ်သုံးစွဲမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး အဆိုပါ သတင်းများမှာ သတင်းမှားသာဖြစ်ကြောင်း UWSP၏ ပြောရေးဆိုခွင့်ရှိသူဦးအောင်မြင့်ကပဉ္စမလှိုင်းသို့ပြောသည်။

Facebook လူမှုကွန်ယက်စာမျက်နှာတွင် ဇန်န၀ါရီ ၄ရက်နေ့က အဆိုပါသတင်းမှာ ပျံနှံခဲ့ခြင်းဖြစ်ပြီး ငွေစက္ကူ၁၀၀တန် ပေါ်တွင် UWSPဥက္ကဋ္ဌဦးပေါက်ယူချန်းပုံကိုရိုက်နှိပ်ထားသည့်ပုံပါဝင်သည်။

“ပြဿနာမပေါ်ပေါ်အောင် ဖွနေကျတာပါ။ ဒီလိုလုပ်ဆောင်မှုမျိုး ဒီလိုစဉ်းစားချက်မျိုးခေါင်းဆောင်ပိုင်းတွေမှာမရှိပါဘူး။ ဒီကိစ္စက လူကြီးတွေတောင်မသိဘူး။ ဒီနေ့မနက် အစည်းအဝေးကျမှ လာပြလို့သိရတာ”ဟုဦးအောင်မြင့်ကပြောသည်။

UWSPသည် လက်နက်ကိုင်အင်အားသုံးသောင်းခန့်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွင် အင်အားအကြီးများဆုံးဖြစ်ကြောင်းလေ့လာသူများကဆိုသည်။

တရုတ်နိုင်ငံနှင့်နယ်နမိတ်ခြင်းထိစပ်နေသည့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တရုတ်ငွေကြေးဖြစ်သည့် ယွမ်ငွေကို သာအဓိကထား သုံးစွဲခြင်းဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးကောင်စီ(နအဖ)အစိုးရလက်ထက်က ငြိမ်းချမ်းရေးရယူထားသည့်UWSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCAစာချုပ်တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးပဲ ရှမ်းပြည်နယ်နှင့်က ချင်ပြည်နယ်အတွင်းရှိသည့် လက်နက်ကိုင် အဖွဲ့ ၇ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ FPNCCကို UWSPမှဦးဆောင်ထားသည်။

ကိုဥာဏ်
ဓာတ်ပုံ – အင်တာနက်

Leave a Reply