(၁၁၂)နှစ်​ပြည့်​အထိမ်းအမှတ်​ တိရစ္ဆာန်​ဥယျာဉ်​(ရန်​ကုန်​)နှင့်​ ခိုင်​နှင်းဝေပရဟိတလူငယ်​များပူး​ပေါင်းပြုလုပ်​သည့်​က​လေးသူငယ်​များရန်​ပုံ​ငွေသတင်းစာရှင်းလင်းပွဲပြုလုပ်

0
357

ရန်ကုန် ၊ ဇန်​နဝါရီ ၅၊၂၀၁၈

ရန်​ကုန်​မြို့၊တိရစ္ဆာန်​ဥယျာဉ် သဘာဝသမိုင်းပြတိုက်​ရှိ Coporate Training Hall၌ ဇန်​နဝါရီ ၅ရက် နံနက်​၁၀နာရီအချိန်က ​(၁၁၂)နှစ်​ပြည့်​ အထိမ်းအမှတ်​တိရစ္ဆာန်​ဥယျဉ်​(ရန်​ကုန်​)နှင့်​ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များ ပူး​ပေါင်းပြုလုပ်​သည့်​က​လေးသူငယ်​များရန်ပုံ​ငွေ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်​။

“စွန့်​ပစ်​ခံက​လေး​တွေ သက်​ငယ်​မုဒိမ်းကြောင့်​ရလာတဲ့ က​လေး​တွေ
အကူညီ​ပေး​စောင့်​​ရှောက်ချင်တယ်။ဒီအတွက်ပရဟိတ​ကျောင်း
ဆောက်​ဖြစ်​တာပါ”ဟုရုပ်​ရှင်​နှင့်​ဗွိဒီယိုသရုပ်​​ဆောင်
ခိုင်​နှင်း​ဝေက​ပြောသည်​။

လှည်းကူးမြို့နယ်​အတွင်း မိဘမဲ့​ဂေဟာကျောင်း​ဆောက်​​နေသည့်​ အတွက်​ အလှူ ​ငွေများလိုအပ်​ချက်​​ကြောင့်​ပွဲလုပ်​ရန်
ရည်​မှန်းထား​ကြောင်း ယခုရန်​ကုန်​တိရစ္ဆာန်​ဥယဉ်​၏၁၁၂နှစ်​ပြည့်​ပွဲတွင်​ပူး​ပေါင်း​ဆောင်​ရွက်​ခွင့်​ရသည့်​အတွက်​ပို၍အဆင်​​ပြေကာ၊
ရလာ​သောအကျိုးအမြတ်ကိုSocialMediaများဖိတ်​​ခေါ်၍ ​ကြောငြာအသိ​ပေးကာပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း၊ လက်​ရှိ​ကျောင်းမှာ အသက်​(၂)နှစ်​မှအသက်​(၅)နှစ်​အရွယ်​က​လေးအ​ယောက်​(၅၀)ရှိပြီးဘုန်း​တော်​ကြီးသုံးပါးထံအပ်​နှံကာ၊က​လေးများ ​စောင့်​​ရှောက်​ရန်​ဝန်​ထမ်း(၆)ဦး ၊ ထမင်းချက်​များခန့်​ထား​ကြောင်း မွေးကင်းစ လသား က​လေးများအတွက် ​လောလောဆယ်​ ​နေရာမရှိသောကြောင့်​လက်ခံလို့ မရ​ကြောင်း ​ကျောင်းအမည်​ကိုလည်း”ခိုင်​နှင်း​ဝေ ရင်​​သွေးငယ်​များ​ဂေဟာ”ဟုအမည်​​ပေးမည်​ဖြစ်​​ကြောင်းခိုင်​နှင်း​ဝေမှ​ ဆိုသည်​။

ဆက်​လက်​၍နှစ်​တစ်​ရာ​ကျော်​သက်​တမ်းရှိ​သော တိရစ္ဆာန်​ဥယျာဉ်​မှာ ကမ္ဘာမှာလက်​ချိုးရည်​လို့ရ​ကြောင်း၊ခုလိုတာဝန်​ကိုထိမ်းသိမ်းခွင့်​ရရှိသည်​ကိုဂုဏ်​ယူ​ကြောင်းတကယ်​​တော့တိရစ္ဆာန်​ဥယျဉ်​ဆိုတာ​လှောင်​ထား
ခြင်းမျိုးမဟုတ်ဘဲ၎င်းတို့၏သဘာဝ​နေထိုင်စား​သောက်ပုံပြသထားခြင်းသာဖြစ်​​ကြောင်းလက်​ရှိတိရစ္ဆာန်​အမျိုး​ပေါင်း(၁၄၀၀)​ကျော်​ရှိပြီး
ရည်ရွယ်ချက်ကလူငယ်များကိုဦးစား​ပေးထား​ကြောင်းယခု​ဈေး​ရောင်းပွဲ
တော်မှရရှိလာ​သောအကျိုးအမြတ်ကို​​ဖောင်​​ရေးရှင်းကိုလှူရန်​ဖြစ်
ကြောင်းရန်​ကုန်​တိရစ္ဆာန်​ဥယျဉ်​စီမံမန်​​နေဂျာဦးမျိုး​ကျော်​​ပြောပြချက်​ အအရသိရသည်​။

အဆိုပါက​လေးသူငယ်​များရန်​ပုံ​ငွေ​ဈေး​ရောင်းပွဲ​တော် ဂီတ၊​ဖျော်​​ဖြေ​ရေး အစီစဉ်​များကို ဇန်​နဝါရီ၁၃ရက်မှ ဇန်​နဝါရီ၁၄ရက်အထိ ​နေ့စဉ်​ နံနက်​(၉)နာရီမှည​နေ (၅)နာရီထိကျင်းပမည်ဖြစ်ပြီး အနုပညာရှင်များမှ လာရောက်ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။

မြတ်​ဟိန်း​ကျော်

Leave a Reply