“အရည်အချင်းမရှိ သူများအား ရွေးချယ်တာဝန်ပေးအပ်မိပါက နောက် ၅နှစ် ခါးစည်းခံရလိမ့်မည် ” ဟု ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရှိသူ ပြော

0
123

နိုဝင်ဘာ ၂၅
ကိုလူသစ်

ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲများတွင် အရည်အချင်းမရှိ သည့်လူ၊အားနည်းသည့်လူ၊အတွေ့အကြုံမရှိသည့်လူများကို ရွေးချယ်တာဝန်ပေးအပ်မိပါက နောက်ထပ် ၅နှစ် ထပ်မံခါးစည်းခံရလိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောကြားသည်။

”လွှတ်တော်ထဲကို လူတော်လူကောင်းနဲ့အစွဲမရှိတဲ့ ပုဂ္ဂိုလ်တွေရောက်သွားမှသာလျှင် အဲ့ဒိလွှတ်တော်ကသင့်တော်တဲ့ အစိုးရကိုဖွဲ့စည်းပြီး သမ္မတဖြစ်သင့်တဲ့ပုဂ္ဂိုလ်ကို သမ္မတဖွဲ့စည်းပေးပြီးတော်မှ နိုင်ငံအတွက်လိုအပ်တဲ့ဥပဒေတွေကိုရေးဆွဲပြဌာန်း၊မလိုတဲ့ဥပဒေတွေကိုဖျက်သိမ်းဆောင်ရွက်သွားမှားဖြစ်ပါတယ်။အရည်အချင်းမရှိတဲ့လူ၊အားနည်းတဲ့လူ၊အတွေ့အကြုံမရှိတဲ့လူတွေကို ရွေးချယ်တာဝန်ပေးအပ်မိရင်တော့ နောက်ထပ် ၅နှစ် ခါးစည်းခံရဦးမှာဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒလှမြင့်ကပြောကြားသည်။

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင်ပြုလုပ်သည့် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲဂယက်ဆွေးနွေးပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ခြေရှုပ်မှုများ၊ဖိအားများဖြင့်ရင်ဆိုင်နေရခြင်းသည်အပြင် အစိုးရအနေဖြင့်လည်း နိုင်ငံတကာဖိအားများစွာကို ခံနေရသည့်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် အတိုက်ခံပါတီတစ်ခုဆိုခြင်းထက် ပြိုင်ဘက်ပါတီအဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရ၏ပြည်သုလူထုအကျိုးစီးပွားဖြစ်ထွန်းရေးလုပ်ငန်းများတွင် တာဝန်ပေးအပ်မှုရှိပါက ယင်းတာဝန်းပေးအပ်မှုကိုဆောင်ရွက်သွားမည်ဖြစ်သော်လည်း ပြည်သူထုအကျိုးစီးပွားပျက်စီးစေရန်နှင့်အန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းများရှိပါက ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရဖြစ်လာတဲ့အခါကျတော့ ပြည့်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ အတိုက်အခံဆိုတဲ့စကားလုံးထက် ပြိုင်ဘက်ပါတီဆိုတာကိုပဲ လက်ခံပါတယ်။အတိုက်အခံဆိုတာမျိုးက သူဘာပဲလုပ်လုပ် သူဖြူ ရင် ငါမဲမယ်။သူမဲရင် ငါဖြူမယ်ဆိုတာမျိုး ကန့်လန့်တိုပ်နေသမျှကာလပတ်လုံး ဒီပါတီတွေနောက်ဆုံးဘာမှမဖြစ်ဘူး။တိုင်းပြည်ပဲဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က NLD အစိုးရတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်နိုင်ငံနဲ့ပြည်သူ ၅၂သန်းလုံး အကျိုးစီးပွားထိခိုက်လာနိုင်တဲ့၊အန္တရာယ်ရှိလာနိုင်တယ်။ပြည်ပနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုတွေ ခြေရှုပ်ပြီးတော့ တိုင်းရင်းသားအချင်းချင်းသွေချောင်းစီးတိုက်ပွဲတွေဖြစ်ပြီး တိုင်းပြည်မတ်ာမငြိမ် ၊မအေးမချမ်းဖြစ်မယ့်အလားအလာပေါ်မှာတော့ ကျွန်တော်တို့ လက်ရှိအစိုးကို ပြတ်ပြတ်သားသားဝေဖန်ထောက်ပြပါတယ်”ဟု ဒေါက်တာနန္ဒလှမြင့်ကပြောကြားသည်။

ယင်းသို့ဖော်ဆောင်ခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီအနေဖြင့် ၂၀၁၀ရွေးကောပ်ပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ ကတာဝန်ယူဆောက်ရွက်စဉ်တွင် အတိုက်အခံအဖွဲ့အစည်းများ၏ အစိုးရပြုတ်ကျရေး၊နာမည်ပျက်ရေးနှင့်ပြည်သုလူထုထောက်ခံမှုကျဆင်းစေရန် ပြည်သူလူထုအားလမ်းပေါ်ဆွဲတင်ဆန္ဒပြခြင်း၊အနောက်နိုင်ငံများ၏ နောက်ကွယ်မှပံ့ပိုးမှုနှင့်ဝင်ရောက်ထိန်းချုပ်မှုဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက်လုပ်ဆောင်ခဲ့သည့်အချက်များအနက် တချို့နေရာမှာ နှောင့်နှေးကျန်ကြာခဲ့ပြီး ၁၀၀ရာခိုင်နှုန်းလုပ်ဆောင်ရမယ့်နေရာတွင် ရာခိုင်နှုန်းများစွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့ခြင်း ဂယက်ကိုနားလာ်းသည့်အတွက်ဖြစ်ကြောင်း ၄င်းကဆိုသည်။

Leave a Reply