AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ပုံပါ မီးပုံးပျံလွှတ်တင်သူကို ထောင်ဒဏ် ၂ နှစ်ချမှတ်

0
144

နိုဝင်ဘာ ၂၆
ညိုမှိုင်း

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တန်ဆောင်တိုင်လပြည့်ညတွင် AA အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်၏ ရုပ်ပုံပါသည့် မီးပုံးပျံကိုလွှတ်တင်ခဲ့သူ ဦးလှထွန်းကျော်အား ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်သည်။

အဆိုပါ မီးပုံပျံလွှတ်တောင်ခဲ့သူ ဦးလှထွန်းကျော်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားခဲ့ရာ ကျောက်ဖြူမြို့နယ်တရားရုံးတွင် တစ်နှစ်ကျော်ခန့် အမှုရင်ဆိုင်နေခဲ့ရပြီး ယနေ့နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့မနက်က ကိုလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်ပါတယ်။ သူ့ကိုစွဲထားတာက ၁၇ (၁)နဲ့စွဲထားတာပါ။ လှထွန်းကျော်ဟာ မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်းမပြနိုင်ဘူး။ သူ့မှာ အဲဒီလိုသက်သေခံတွေလည်းမရှိတဲ့အတွက် အမှုနဲ့မသက်ဆိုင်ကြောင်း လျှောက်လဲချက်ပေးခဲ့တာပေါ့နော်။ တရားရုံးကတော့ ၂ နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။”ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးတင်မြင့်ကပြောသည်။

ကျောက်ဖြူမြို့နယ်တရားရုံးက ယနေ့ချမှတ်လိုက်သည့် ပြစ်ဒဏ်မှာ လွဲမှားနေမှုရှိနေသည့်တွက် အယူခံသွားမှာဖြစ်တယ် လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကပြောသည်။

“အခုချလိုက်တာကတော့ မတရားဘူးလို့ပဲ မြင်ပါတယ်။ တရားရုံးကချမှတ်လိုက်တဲ့ အမိန့်က ဥပဒေအရလွဲမှားမှုတွေ ရှိနေတယ်လို့ ကျွန်တော်ခံယူတယ်။ ဒါကြောင့် အယူခံတက်ဖို့ပြင်ဆင်နေပါတယ်။”ဦးတင်မြင့်ကပြောသည်။

ဦးလှထွန်းကျော်မှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှဖြစ်ပြီး ယင်းမီးပုံပျံကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply