ရခိုင်ပြည်နယ်လွှတ်တော် လုံခြုံရေးတင်းကျပ်လိုက်လို့ သတင်းရယူဖို့အခက်အခဲဖြစ်နေ

0
87

နိုဝင်ဘာ ၂၇
ညိုမှိုင်း

ရခိုင်ပြည်နယ်လွှတ်တော်ကို ယခင်က လွတ်လပ်စွာဝင်ခွင့်ပေးထားခဲ့ပေမယ့် ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ လွှတ်တော်အထူးအစည်းအဝေးကစတင်ပြီးတော့ လုံခြုံရေးတင်းကျပ်လိုက်ပါတယ်။

အခုလိုမျိုး လွှတ်တော်သို့အလွယ်တကူဝင်ရောက်ခွင့်မရရှိဘဲ လုံခြုံရေးတွေကို ယခင်ကထက်တင်းကျပ်လိုက်တဲ့အတွက် မီဒီယာတွေသတင်းရယူတဲ့အခါမှာ အခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ်။

လွှတ်တော်လုံခြုံရေးတင်းကျပ်ထားမှုနဲ့ပတ်သက်ပြီး ဘာကြောင့်အခုလိုတင်းကျပ်ထားရတယ်ဆိုတာကို ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းပိတ်ထားသည့်အတွက် အဆက်အသွယ်မရရှိခဲ့ပါတယ်။

“ဒီနေ့လွှတ်တော်မှာ လုံခြုံရေးတင်းကျပ်ထားတာတွေတယ်။ ဒီတွက်ကျွန်တော်က ရဲဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ သူကအခုလိုပြောတယ်ဗျ။ ဒီနေ့လွှတ်တော်မှာ မီဒီယာသမားတွေလာဖို့ရှိနေတယ်။ ဒါကြောင့်လုံခြုံရေး ကိုတင်းကျပ်လိုက်တာဖြစ်တယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဥက္ကဌမှာတာဝန်ရှိတာပေါ့။ ဘာကြောင့်အခုလိုတင်းကျပ်လိုက်လဲဆိုတာတော့ ကျွန်တော်မသိဘူး။”ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။

လွှတ်တော်ကိုသွားရောက်သတင်းယူခဲ့ကြတဲ့ မီဒီယာများကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ က ထုတ်ပေးတဲ့ ၀င်ခွင့်ကဒ်ပြားမပါလို့ ၀င်ရောက်သတင်းရယူခွင့်မရကြောင်းနဲ့ လွှတ်တော်ခန်းမအတွင်း သတင်းရယူသည့်အခါမှာလည်း အခက်အခဲများရှိခဲ့နေပါတယ်။

“ကျွန်တော်တို့ ဒီမနက်လွှတ်တော်ကိုရောက်သွားတော့ ရဲကကဒ်မပါလို့ဆိုပြီး ၀င်ခွင့်မပေးဘူး။ ကျွန်တော်တို့မှာ ဌာနကထုတ်ပေးထားတဲ့ ကဒ်တွေပါတယ်။ အဲဒါတွေနဲ့မရဘူးလို့ပြောတယ်။ ရဲကထုတ်ပေးတဲ့ကဒ်ကိုသွားထုတ်ရင် ကို့ကဒ်ကိုရဲစခန်းမှာထားခဲ့မှာဖြစ်တဲ့အတွက် တခြားသတင်းတွေကိုလိုက်ဖို့အဆင်မပြေဘူးဗျ။ ဒါကြောင့် ကျွန်တော်တို့ အတွက်အခက်အခဲတွေရှိပါတယ်။”ဟု သတင်းသမားများကပြော ပါတယ်။

ဒီကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ သွားရောက် ညှိနှိုင်းခဲ့ပေမယ့် လြေည်မှုမရရှိခဲ့ပါဘူး။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မီဒီယာသမားများ လက်မှတ်ရေးထိုးခဲ့တဲ့ အချက်အလက်များကို အစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာပေါ်တင်လိုက်တဲ့ အတွက် အခုလို မိမိကိုင်ဆောင်ထားတဲ့ မီဒီယာကဒ်များကို အပ်နှံထားရန်အယုံအကြည်မရှိဖြစ်နေကြတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

Leave a Reply