ကျောက်မဲစစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အနွေးထည်နှင့် စောင် အရေးပေါ်လိုအပ်

0
232

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ၊ ၂၀၁၈

ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့ငယ်ခွဲတွင်ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း ၆ခုရှိ စစ်ဘေးရှောင်၁၀၀၀ ကျော် အတွက် အနွေးထည်နှင့်စောင်အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကျောက်မဲဇီဝိတလှုမှုကူညီရေးအသင်းမှဦးတင်မောင် သိန်းကပြောသည်။

“အဓိကတော့စောင်လိုတယ်။သူတို့တွေကပြေးလာတုန်းက ပီနံအိတ်တစ်လုံးထဲအကုန်စုပြီးထည့်လာတော့ အိမ်ကယူ လာတဲ့စောင်ပဲပါလာတယ်။တချို့ဆိုတစ်အိမ်ထောင်ကို ၁ထည်လောက်ပဲပါလာတော့မိသားစုသုံးလေးယောက်ဆိုအ ဆင်မပြေကြဘူးပေါ့။အနွေးထည်တွေလည်းလိုအပ်ပါတယ်”ဟု ဦးတင်မောင်သိန်းကပြောသည်။

ဒီဇင်ဘာ၂၇ရက်နေ့မှစ၍ တပ်မတော်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့၏တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ၊နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာနှင့်ကြက်သေ ကျေးရွာတို့မှဒေသခံများ သည် ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့နယ် ခွဲများသို့ ထွက်ပြေး လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့စစ်ဘေးရှောင်ကူညီရေးကော်မတီတစ်ရပ်ဖွဲ့ထားတယ်။ ကော်မတီမှာရှိတဲ့ရန်ပုံငွေရယ်အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ လောလောဆယ်စားဝတ်နေရေးဖြေရှင်းပေးနေရတယ်ပေါ့။လောလောဆယ်အထိကတော့အခက်အ ခဲမရှိသေးပါဘူး။ ဒါပေမယ့်ရေရှည် ဆိုရင်တော့ အခက်အခဲဖြစ်လာနိုင်ပါတယ်”ဟု ဦးတင်မောင်သိန်းက ပြောသည်။

၂၀၁၆ခုနှစ်အတွင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSနှင့် TNLAတိုက်ပွဲကြောင့် စစ်ဘေးရှောင်အရေ အတွက်၅၀၀၀ကျော် ကျောက်မဲမြို့သို့တိမ်းရှောင်လာခဲ့ပြီး စစ်ဘေးရှောင်စခန်း၁၃ခုအထိဖွင့်လှစ်ခဲ့ရကြောင်း၎င်းက ပြောသည်။
“အဲ့တုန်းကတော့ အားခြင်းလုပ်ခဲ့ရတဲ့အခြေအနေပေါ့ ။အခုတော့ ၁၀၀၀ကျော်လောက်ပဲဆိုတော့ ခြေနိုင်လက်နိုင် လုပ်နိုင်တဲ့ အနေအထားမျိုးပေါ့။ ဆက်ပြီးတိုက်ပွဲဖြစ်ပွားတာတော့မကြားဘူး။ ဒေသခံတွေကစိုးရိမ်စိတ်နဲ့ပြေးလာနေ တာပေါ့”ဟု ကျောက်မဲမြို့နယ်မဲဆန္ဒနယ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်ကပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာများအနီးတွင် တပ်မတော် ၊ RCSS ၊TNLAတပ်ဖွဲ့များစခန်းချထားပြီးအချိန်မ ရွေးတိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ခြင်းကြောင့်ရှောင်တိမ်းလာရခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်လာသူများက ပြောဆိုကြောင်း ဦးတင်မောင်သိန်းကပြောသည်။

“သူတို့ပြေးလာတဲ့ရွာထိပ်နားမှာတပ်မတော်စခန်းရှိတယ်၊ အနီးအနားတောင်ပေါ်တွေမှာRCSSနဲ့TNLAစခန်းတွေရှိ တယ် အခုဖြစ်နေတာကသုံးပွင့်ဆိုင်ဖြစ်နေတာတော့မဟုတ်ဘူးပေါ့။ TNLAကိုဦးတည်တဲ့တိုက်ပွဲအသွင်ပေါ့”ဟု ၎င်းက ဆိုသည်။

ကိုဥာဏ်

Leave a Reply