“လက်ရှိအစိုးရသည် ပြည်သူများကြပ်တည်းနေမှုကို ဖြေရှင်းမပေးနိုင်သော ကြောင့် ဆန်များရောင်းချခြင်းဖြစ်” ဟု USDP ပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဌ ပြော

0
50

နိုဝင်ဘာ ၂၈
ယဉ်ကေနွယ်

လက်ရှိအစိုးရသည် ပြည်သူများကျပ်တည်းနေမှုကို ဖြေရှင်းမပေးနိုင် သောကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကျေးရွာများအရောက် ဆန်များ ရောင်းချပေးနေခြင်းဖြစ်ကြောင်း USDP ပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဌ ဦးဝေလွင် က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စု နယ်မြေရုံးခန်းမတွင် ပြုလုပ်သည့် ဗဟိုအမျိုးသမီးအကြို နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဒီနေ့ပြည်သူတွေရဲ့ဘဝ စားဝတ်နေရေး ကြပ်တည်းနေတဲ့ အချိန်မှာ လက်ရှိအစိုးရက ဒီကြပ်တည်းနေတဲ့ ပြည်သူတွေကို ကြံရည်ဖန်ရည် ရှိ ရှိနဲ့ ဖြေရှင်းမပေးနိုင်ပေမယ့် ကျွန်တော်တို့ အတိုက်အခံပါတီဖြစ်တဲ့ တစ်နည်း အားဖြင့် ပြိုက်ဘက်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ က ရွာအရောက် ဆန်ရောင်းပေးနေပါတယ်။ ဒီအလုပ်ဟာ ပြည်သူတွေအ တွက် လုံးဝအကျိုးရှိတဲ့ အလုပ်ဖြစ်တယ်။ နောက်လည်း ဆက်လုပ် သွားမှာပါ” ဟု ဦးဝေလွင် က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှ အောက်တိုဘာပိုင်းမှ စတင်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိကျေးရွာများအား ဆန်တစ်ပြည်လျှင် ၃၀၀ ကျပ်လျော့ရောင်းပေးလျက်ရှိရာ တစ်လအတွင်း ဆန်အိတ် ၁၈၀၀ ကုန်ရောင်းချရသည် ဟုဆိုသည်။

ထို့ပြင် စားသုံးဆီများ၊ ကြက်သွန်များ၊ ငါးခြောက်များနှင့် ဟင်းစားများ အားရောင်းချပေးနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း ဦးဝေလွင် ကပြောသည်။

“အဓိကကတော့ ဆန်ရယ်၊ဆီရယ် ပြီးတော့ ဟင်းစားလေးတွေပေါ့ အဲ့ဒါလေးတွေလုပ်ဖို့ရှိတယ်။ လုပ်နိုင်မလုပ်နိုင်တော့ကြိုးစားရ အုံးမယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် လက်ရှိအစိုးရအား ဘက်ပေါင်းစုံမှ အားရမှုမရှိကြောင်း ငွေကြေးတန်ဖိုးကျဆင်းလာကာ ဒေါ်လာဈေးများတက် လာကြောင်း၊ရင်းနှီးမျြပ်နှံမှုများလည်းမရကြောင်း၊တရားဥပဒေစိးမိုးရေးထက် လုံခြုံရေးပိုင်းတို့အား ယခုထက်ပိုမိုခိုင်မာစေရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဦးဝေလွင်မှ ထောက်ပြပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲတွင် မြန်မာအမျိုးသမီးများ နှင့်မြန်မာ့နိုင်ငရေးအခန်း ကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများ၏ဘ၀လုံခြုံမှု၊ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ဇာတိဂုဏ်ထိန်းသိမ်ရေးနှင့် အမျိုးသမီးပါတီဝင်သစ်များစုဆောင်ရေး၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက် ပွဲအောင် နိုင်ရေးအတွက် အမျိုးသမီးများအားစဉ် ဆက်မပြတ်လေ့ကျင့် ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကာ အမျိုးသမီး ညီလာခံကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply