FA ဖလား တတိယအဆင့် ပွဲစဉ်များ၏ ပွဲပြီးရလဒ်များ

0
262

ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ FA Cup ပွဲစဉ်တွေမှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဒါဘီကောင်တီအသင်းကို ၂ – ၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကို ၈၄ မိနစ်မှာ လင်ဂတ်က စတင်သွင်းယူခဲ့ပြီး မိနစ် ၉၀ မှာ ဒဏ်ရာကနေ ပြန်ပါလာတဲ့ တိုက်စစ်မှူး လူကာကူက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အခြားပွဲစဉ်တစ်ခုဖြစ်တဲ့ လီဗာပူးလ် အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၂ – ၁ ရလဒ် ဖြင့် အနိုင်ရရှိသွားပါတယ်။ လီဗာပူးလ်အတွက် အဖွင့်ဂိုးကို ၃၅မိနစ်မှာ ဂျိမ်းမီနာက ပင်နယ်တီက တဆင့် သွင်းယူပေးခဲ့ပြီး ၆၇မိနစ်မှာ ဆီဂရက်ဆန် ကအဲဗာတန်အတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ၈၄မိနစ်မှာတော့ လီဗာပူးလ် ကို ဇန်နဝါရီ မှာ စတင်ရောက်ရှိလာတဲ့ ဗန်ဒိုက် က အနိုင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

#NN

Leave a Reply