ကသာမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခြင်းခံ ခဲ့ရ​သောမူကြိုတန်းတက်​​နေသူ(၆)နှစ်​အရွယ်​ကလေးမ​လေးသေဆုံး

0
377

ဇန်​နဝါရီ ၆၊၂၀၁၈။

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ကသာမြို့နယ် စကားကုန်းအုပ်စု၊ ရွှေပြည်သာ ရွာသစ်​​ကျေးရွာတွင်​ ဇန်နဝါရီ ၄ ရက် ညအချိန်က သက်ငယ် မုဒိမ်းမှု ဖြစ်​ပွားခဲ့ပြီး ကျူးလွန်ခြင်းခံခဲ့ရ​သော မူကြိုတန်းတက်​​နေသူ(၆) နှစ်အရွယ် က​လေးမ​လေးသည်​ ဇန်​နဝါရီ၅ရက်​နေ့တွင်​ ​သေဆုံးသွား​ကြောင်း ကသာမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။

“အဲ့ဒါနဲ့ပတ်​သက်​လို့အမှုဖွင့်​ပြီးပြီဆို​တော့တရားခံ ​ပေါ်​ပေါက်​​ရေး စုံစမ်း​ဖော်ထုတ်​​နေပါတယ်​”ဟုကသာမြို့နယ်​ ရဲတပ်​ဖွဲ့မှူးရဲမှူးမြင့်​​အောင်​မှ
ပြောသည်​။

ဖြစ်​စဉ်​မှာ ကသာမြို့နယ်​စကားကြီးကုန်း​ကျေးရွာအုပ်​စု၊
ရွှေပြည်​သာ ရွာ​သစ်​နေဦး​……..၏ သမီးဖြစ်​သူ မ​………..(၆)နှစ်​ (မူကြိုတန်း)သည်​ ဇန်​နဝါရီ၎ရက် ညဘက်​၌ အိမ်​နီးခြင်း အိမ်​တွင်​တီဗွီကြည့်​ရန်​သွားခဲ့ပြီး ည၉နာရီထိ​အိမ်​ပြန်​မရောက်​သည့်​ အတွက်​ မိဘ​များကလိုက်​ရှာ​ရာ ည၁၀နာရီ၃၀မိနစ်​လောက်​တွင် အညိုမဲစွဲဒါဏ်​ရာ​ များဖြင့်​​တွေ့​သဖြင့်​ကသာ​ဆေးရုံသို့ ပို့​ဆောင် ​ခဲ့​ကြောင်း ဇန်​နဝါရီလ ၅ရက် ည​နေ၄နာရီ​ကျော်တွင် စိုးရိမ်ရ၍မန္တ​လေး ​ဆေးရုံသို့ ပို့​ဆောင်ခဲ့ရာ ည၇နာရီ၃၀မိနစ်ခန်၌လမ်းတွင်​ ​သေဆုံးသွား​သည်​ဟု က​လေးမိဘ​များမှရဲစခန်းကိုအ​ကြောင်းကြား​ခဲ့ကြောင်း ရဲမှူးမြင့်​​အောင်​​၏ ​ပြောပြချက်​ အရသိရသည်​။

အဆိုပါဖြစ်​စဉ်​အားဖခင်​ဖြစ်​သူ ဦး​……..မှဇန်​နဝါရီ ၅ရက်
ည​နေ၄နာရီ​ကျော်​ခန့်​အချိန်​ ကသာမြို့မရဲစခန်းတွင်​ လာ​ရောက်​ တိုင်​ကြားခဲ့သဖြင့်​ ပ/၆/၂၀၁၈၊ရာဇသတ်​ကြီးပုဒ်​မ၃၇၆ဖြင့်​ အမှုဖွင့်​ထားပြီး တရားခံ​ပေါ်​ပေါက်​​ရေးနှင့်​ ဖမ်းဆီးရမိ​ရေးအတွက်​ကြိုးပမ်း​ဆောင်​ရွှက်
လျှက်​ရှိကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply