တတိယအကြိမ်​မြောက်​ စင်​ကာပူပွဲတော်​ ကျင်းပ

0
135

နိုဝင်​ဘာ ၃၀
ဝေဝေဖြိုး

တတိယအကြိမ်​မြောက်​ စင်​ကာပူပွဲတော်​ကို နိုဝင်​ဘာလ ၃၀ ရက်​မှ ဒီဇင်​ဘာလ ၂ရက်​အထိ ဘိုကလေးဈေးလမ်း၌ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​သည်​။

ယင်းပွဲတော်​ကို ရန်​ကုန်​တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်​ စင်​ကာပူခရီးသွားလုပ်​ငန်းဘုတ်​အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်​ပြီး ဖွင့်​ပွဲအခမ်းအနားကို နိုဝင်​ဘာလ ၃၀ ရက်​က စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်​ခဲ့သည်​။

“မြန်​မာနိုင်​ငံဟာ စင်​ကာပူခရီးသွားလုပ်​ငန်းအတွက်​ အဓိကဈေးကွက်​တစ်​ခုဖြစ်​ပါတယ်​။ ကျွန်​တော်​တို့ရဲ့ ရင်းနှီးမြှုပ်​နှံမှုတွေကို ဆက်​လက်​ဆောင်​ရွက်​ပြီး နှစ်​နိုင်​ငံ ကြား ပုဂ္ဂိုလ်​ရေးသဘော ၊လုပ်​ငန်းသဘော ဆက်​နွယ်​မှုတွေကို ပိုမိုနက်​ရှိုင်းအောင်​ပြုလုပ်​မယ်​ဆိုတဲ့ ကတိကဝတ်​ထားရှိမှုကို ထပ်​လောင်းအတည်​ပြုလိုက်​တာပဲဖြစ်​ပါတယ်​”ဟု စင်​ကာပူခရီးသွားလုပ်​ငန်းဘုတ်​အဖွဲ့မှ လက်​ထောက်​အမှုဆောင်​ အရာရှိချုပ်
Mr.Chang Chee Pey ကပြောသည်​။

ယင်းပွဲတော်​ကို ၂၀၁၆ ခုနှစ်​မှ စတင်​၍ စင်​ကာပူနိုင်​ငံနှင့်​ မြန်​မာနိုင်​ငံတို့၏ ရင်းနှီးချစ်​ကြည်​မှု အထိမ်းအမှတ်​အဖြစ်​ ကျင်းပပြုလုပ်​ခဲ့ခြင်းဖြစ်သည်​။

ယခုကျင်းပပြုလုပ်​သည့်​ တတိယအကြိမ်​မြောက်​ စင်​ကာပူပွဲတော်​သည်​ စင်​ကာပူနိုင်​ငံ၏ ခရီးသွားလာရေးဆိုင်​ရာ အမှတ်​တံဆိပ်​ဖြစ်​သည့်​ Passion Made Possible ကို အခြေခံထားခြင်းဖြစ်​ကြောင်း သိရသည်​။

ပွဲတော်​ကျင်းပနို​င်​ရေးအတွက်​ကိုလည်း ဘိုကလေးဈေးလမ်းရှိ လမ်းသူလမ်းသားများ ၊စီးပွားရေးလုပ်​ငန်းရှင်​များမှ အတူတကွ ပူးပေါင်းဆောင်​ရွက်​ခဲ့ခြင်းဖြစ်​ပြီး ဘိုကလေးဈေးလမ်းကို အလှမီးများတပ်​ဆင်​ခြင်း ၊သစ်​ပင်​ပန်းမန်​များစိုက်​ပျိုးနေရာချခြင်း ၊ လမ်းရှု့ခင်းပြင်​ဆင်​ခြင်းနှင့်
လမ်းသွားလာမှုပိုမိုကောင်းမွန်​စေရန်​ ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​သည်​။

ထို့ပြင်​ ဘိုကလေးဈေးလမ်းရှိ စီးပွားရေးလုပ်​ငန်းများနှင့်​ ဆိုင်​ခန်းပေါင်း ၁၅ ခုမှ ကုန်​ပစ္စည်းရောင်းချခြင်း ၊အစားအသောက်​ ရောင်းချသွားမည်​ဖြစ်​ပြီး အစားအသောက်​ ၊လူနေမှုပုံစံ ၊ဟိုတယ်​နှင့်​ခရီးသွားလာရေးစသည့်​ နယ်​ပယ်​များတွင်
လုပ်​ငန်းဆောင်​ရွက်​နေသည့်​ လုပ်​ငန်းပေါင်း ၁၇ ခုမှ ပါဝင်​ပြသရောင်းချသွားမည်​ဖြစ်​သည်​။

Leave a Reply