G-20တွင်​ ကုန်​သွယ်​​ရေးသ​ဘောတူညီချက်​ရ​နိုင်​​ပေမဲ့ အ​မေရိကန်​က မျှတသည့်​သ​ဘောထားရှိရမည်​ဟု တရုတ်​နိုင်​ငံခြား​ရေးဝန်​ကြီးဌာန​ပြော

0
111

ဒီဇင်ဘာ ၁
နိုင်ငံတကာသတင်း

ဒီ​နေ့စတင်​မယ့်​G-20ထိပ်​သီးအစည်းအ​ဝေးမှာ တရုတ်​နဲ့အ​မေရိကန်​နိုင်​ငံတို့ကုန်​သွယ်​​ရေးသ​ဘောတူညီချက်​တစ်​ခုရနိုင်​​ပေမဲ့ လိမ်ယှက်​​နေတဲ့တင်းမာမှု​တွေကိုဖြုတ်​ထုတ်​ပစ်​ချင်​တယ်​ဆိုရင်​ အ​မေရိကန်​ဟာ မျှတတဲ့သ​ဘောထားရှိရမယ်​လို့ တရုတ်​နိုင်​ငံခြား​ရေးဝန်​ကြီးဌာနက​ပြောပါတယ်​။

တရုတ်​-အ​မေရိကန်​ကုန်​သွယ်​​ရေးသ​ဘောတူညီချက်​ရဲ့အနှစ်​သာရဟာ နှစ်​ဖက်​အကျိုးရှိဖို့ဆိုတာ တရုတ်​နိုင်​ငံဘက်​ကတိုက်​တွန်း​နေတယ်​လို့ တရုတ်​နိုင်​ငံခြား​ရေးဝန်​ကြီးဌာန​ပြောခွင့်​ရသူ ကျန်းရွမ်​က​ပြောပါတယ်​။

တရုတ်​နိုင်​ငံနဲ့ကုန်​သွယ်​​ရေးသ​ဘောတူညီချက်​ရဖို့ ရှုပ်​​ထွေး​နေတဲ့သ​င်္ကေတ​တွေရှိ​နေတယ်​လို့ ထရမ့်​က​ပြောထားပြီး အခုအစည်းအ​ဝေးမှာ သ​ဘောတူညီချက်​ရနိုင်​​ပေမဲ့ သူလိုချင်​တဲ့သ​ဘောတူညီချက်​ဟုတ်​မဟုတ်​က​တော့ မ​သေချာဘူးလို့လည်း​ပြောပါတယ်​။

တရုတ်​နိုင်​ငံရဲ့မမျှတတဲ့ကုန်​သွယ်​မှု​တွေ​လို့အ​မေရိကန်​ဘက်​ကစွပ်​စွဲပြီး ​မော်​​တော်​ယာဉ်​​တွေက​နေ စိုက်​ပျိုး​ရေးနဲ့စွမ်းအင်​ကဏ္ဍ​တွေအထိ အ​ကောက်​ခွန်​အ​မေရိကန်​​ဒေါ်လာဘီလီယံချီတိုး​ကောက်​ခဲ့ပြီး တရုတ်​နိုင်​ငံကလည်း အ​မေရိကန်​ကို တန်​ပြန်​အခွန်​တိုး​ကောက်​ခဲ့ပြီး နှစ်​နိုင်​ငံကြားကုန်​သွယ်​​ရေးစစ်​ပွဲဖြစ်​ပွား​နေပါတယ်​။

အခုလထဲမှာ ကုန်​သွယ်​​ရေးသ​ဘောတူညီချက်​ရ​ရေး နှစ်​နိုင်​ငံကိုယ်​စားလှယ်​​တွေညှိနှိုင်းဖို့ရှိခဲ့​ပေမဲ့ ​ဆွေး​နွေးပွဲကို အချိန်​​ရွှေ့ဆိုင်းခဲ့ပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply