အစိုးရ၀က်ဘ်ဆိုက် အများစုဟာ တစ်ကယ်ပဲ တိုက်ခိုက်ဖို့ လွယ်ကူနေတဲ့ အနေအထားမှာရှိပါတယ် လို့ ဆိုလာတဲ့ မြန်မာနိုင်ငံရဲ့ UGMH ဟက်ကာ အဖွဲ့နဲ့ The Fifth Wave Media တို့ သီးသန့်တွေ့ဆုံမေးမြန်း ထားမှုကို စာဖတ်သူများ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

0
3433

မေး – အခု အင်တာဗျူး ဖြေကြားပေးမယ့် ဟက်ကာအဖွဲ့ရဲ့ နာမည်လေးနဲ့ အင်တာဗျူးဖြေကြားပေးသူရဲ့ Hacker Nick Name လေး သိချင်ပါ တယ်။

ဖြေ – ကျွန်တော်ကတော့ H1N1 ပါ ၊ UGMH အဖွဲ့ဝင်တစ်ဦးပါ ။

မေး – ဒီအဖွဲ့ ဘယ်လိုပေါ်ပေါက်လာခဲ့တယ်၊ ဘယ်လို ရည်ရွယ်ချက်တွေ နဲ့ ဖွဲ့စည်းဖြစ်ခဲ့တယ်၊ အဖွဲ့ဝင်တွေ ဘယ်လောက်များများ စုစည်းမိထား တယ် ဆိုတာလေး ဖြေကြားပေးပါ။

ဖြေ – UGMH အဖွဲ့ကတော့ လှေစီး ဘင်္ဂါလီ ကိစ္စနဲ့ ပါတ်သက်တဲ့ cyber war ဖြစ်တဲ့အချိန်လောက်က စတင်ပေါ်ပေါက်လာခဲ့တာပါ။ ဖွဲ့စည်းခဲ့ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံက Black Hat Team တွေအနေနဲ့ တစ်စုတစ်စည်းတည်းပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ Cyber War တွေမှာ စည်းစည်းလုံးလုံး ပေါင်းစုပြီးပြန်လည်တိုက်ခိုက်နိုင်ဖို့ပါ။

မေး – အခု အွန်လိုင်းပေါ်က လူအတော်များများရဲ့ စိတ်ထဲမှာ ဟက်ကာ ဆိုတာကို နားလည်မှုတစ်မျိုးဖြစ်ပြီး အဓိပ္ပာယ်ကောက် လွဲနေတယ်လို့ ယူဆပါတယ်။ ဟက်ကာဆိုတဲ့စကားရဲ့ တိကျတဲ့အဓိပ္ပာယ်လေး ရှင်းပြပေးပါ။

ဖြေ – ဟုတ်ပါတယ် သာမန်အသုံးပြုသူတွေအနေနဲ့ ဟက်ကာဆိုတာကို နားလည်မှုလွဲမှားနိုင်ပါတယ်။ ဟက်ကာဆိုတာ ကွန်ပျူတာ စနစ်တွေမှာရှိတဲ့ Software Bug သို့ Exploit တွေကိုသုံးပြီး ကွန်ပျူတာ နက်ဝက်တွေထဲကို ဖောက်ထွင်းဝင်ရောက်နိုင်တဲ့သူမျိုးပါ ၊ Facebook Account ခိုးယူသူတွေကြောင့် ဟက်ကာတွေအပေါ် အမြင်ပြောင်းလာတယ်လို့ထင်ပါတယ်။ ဟက်ကာတစ်ယောက်ဖြစ်ဖို့ဆို Programming , Networking , Server စသည့် ကွန်ပျူတာ နည်းပညာတွေကို ထဲထဲဝင်ဝင်သိထားမှသာဖြစ်နိုင်မှာပါ။

မေး – မြန်မာနိုင်ငံမှာ အွန်လိုင်းတွေ ခေတ်စားလာချိန်မှာ ဆိုရှယ် မီဒီယာနက်ဝပ်ခ်တွေမှာ (ဥပမာ ဖေစ့်ဘွတ်ခ်) အကောင့်တွေကို ဖောက်ထွင်းပြီး မူလပိုင်ရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရည်ရွယ်ချက်တစ်ခုခုနဲ့ ပတ်ဘလစ်ခ် ချပြတာမျိုးတွေ တွေ့လာရပါတယ်။ အဲဒါမျိုးကို ဟက်ကင်းလုပ်တယ်လို့ ခေါ်နိုင်ပါသလား။

ဖြေ – ဖေ့ဘွတ်အကောင့်ကို ခိုးယူခြင်းကိုလည်း ဟက်ကင်း လုပ်တယ်လို့ပြောမယ်ဆိုလည်းမမှားပါဖူး။ ဒါပေမဲ့ ဖေ့ဘွတ် အသုံးပြုသူရဲ့ အကောင့်ကိုခိုးယူခြင်းသာဖြစ်ပါတယ်။ ဖေ့ဘွတ် server ကြီးကို Hack လုပ်ခြင်းမဟုတ်ပါဖူး။သာမန်ဖေ့ဘွတ်အသုံးပြုသူရဲ့အကောင့်လုံခြုံရေး အပိုင်းအသိအားနည်းတာကြောင့် အကောင့်ခိုးခံရတာများပါတယ်။ အသုံးပြုတွေအနေနဲ့ အကောင့်လုံခြုံရေးနဲ့ပတ်သတ်တာတွေကိုလေ့လာ ကျင့်သုံးမယ်ဆိုရင် အတော်လေးလုံခြုံစိတ်ချရပြီလို့ ပြောလို့ရပါတယ်။

မေး – ဟိုးတုန်းက ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ၀င်းနဲ့ဇော်ရဲ့အမှုမှာ တရားစီရင်ရေးကို လက်ခံနိုင်ခြင်းမရှိတဲ့အတွက် ထိုင်းဝက်ဘ်ဆိုက်တွေ ကို မြန်မာဟက်ကာတွေက အွန်လိုင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြားဖူး ပါတယ်။ ဒီအဖွဲ့က ဟက်ကင်းလုပ်ရာမှာ ပါဝင်ခဲ့ဖူးပါသလား။ ပါဝင်ခဲ့ရင် လည်း ဘယ်လိုအနေအထားအထိ တုံ့ပြန်နိုင်ခဲ့တယ်ဆိုတာ သိပါရစေ။

ဖြေ – ထိုင်းနိုင်ငံ ၀င်းနဲ့ဇော်အမှုမှာ UGMH အနေနဲ့ စတင်ပါဝင်ခဲ့ခြင်း မရှိသေးပါဖူး ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ Black Hat Team တွေကတော့ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ် ၊ ၀င်းနဲ့ဇော်အမှုမှာ ထိုင်းနိုင်ငံရဲ့ တရား စီရင်ရေးဟာ တရားမျှတမှုမရှိတဲ့အတွက် ထိုင်းနိုင်ငံ တရားရေး ၀န်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ပေါင်းများစွာကို မြန်မာ ဟက်ကာတွေမှ Leak လုပ်ခဲ့ပါတယ်။

မေး – ပြီးခဲ့တဲ့ ရခိုင်အရေးအခင်းမှာလည်း တူရကီနဲ့ဘင်္ဂလားဒေ့ရှ် ဟက်ကာတွေက မြန်မာအစိုးရရဲ့ဝက်ဘ်ဆိုက်တွေကို ဖောက်ထွင်း တိုက်ခိုက်ခဲ့ရာမှာ မြန်မာဟက်ကာတွေကပဲ ပြန်လည် ဆယ်ယူခဲ့ရတယ် လို့ သိထားပါတယ်။ အစိုးရ ၀က်ဘ်ဆိုက်တွေဟာ တိုက်ခိုက်ဖို့ လွယ်ကူနေပါသလား။ ဒါမှမဟုတ် တစ်ဖက်က ဟက်ကာတွေကပဲ သိပ်ပြီး တော်နေလို့လား သိချင်ပါတယ်။

ဖြေ – ဟုတ်ပါတယ် အဲ့ဒီအချိန်တုန်းက တစ်ဘက်ကတိုက်ခိုက်သမျှကို ကြိုတင်ကာကွယ်ထားဖို့ကို Page ကနေအသိပေးခဲ့သလို တချို့သော ၀က်ဆိုက်တွေကိုလည်းမြန်မာဟက်ကာတွေဘက်ကနေ
ပြန်လည်ဆယ်ယူပေးနိုင်ခဲ့ပါတယ်။ အစိုးရ၀က်ဆိုက် အများစုဟာ တစ်ကယ်ပဲ တိုက်ခိုက်ဖို့လွယ်ကူနေတဲ့အနေအထားမှာရှိပါတယ်။

မေး – မြန်မာနိုင်ငံမှာ သိပ်မကြာခင် E government အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စီမံချက်ရေးဆွဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ Cyber Security အခြေအနေကို သုံးသပ်ပေးစေလိုပါတယ်။

ဖြေ – မြန်မာပြည်ရဲ့ E-Gov အနေအထားဟာ ကျေနပ်အားရဖွယ် မရှိပါဖူး။ နောင်တစ်ချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

မေး – နိုင်ငံခြားတိုင်းပြည်တွေမှာတော့ အွန်လိုင်းလုံခြုံရေးအတွက် ဟက်ကာတွေကို မက်မောလောက်စရာ အခကြေးငွေနဲ့ ငှားရမ်း အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကော ဒီလို အလေ့အထမျိုး ဖြစ်လာနိုင်စရာ ရှိပါသလား။

ဖြေ – နိုင်ငံခြားတိုင်းပြည်တွေမှာတော့ အွန်လိုင်းလုံခြုံရေးအတွက် ဟက်ကာတွေကို မက်မောလောက်စရာ အခကြေးငွေနဲ့ ငှားရမ်း အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့လက်ရှိအနေအထားကတော့ အဲ့လိုမျိုးဖြစ်လာနိုင်ခြေမရှိသေးပါဖူး။ အခြေခံလစာ နည်းပါးပြီး ခေါင်းပုံ ဖြတ်နေကျတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မက်လောက်စရာငွေကြေးပေး ငှားရမ်းဖို့ဆိုတာမဖြစ်နိုင်ပါဖူး။

မေး – ဟက်ကာတစ်ယောက် ဖြစ်လာဖို့ ဘာတွေ လေ့လာဖို့လိုမလဲ ဘာတွေ လုပ်ဆောင်ရမလဲ။ ပြီးတော့ ဟက်ကာ တစ်ယောက် ထားရှိရမယ့် ကျင့်ဝတ်ဆိုတာမျိုးကော ရှိပါသလား။ ရှိရင် ဖြေကြားပေးပါ။

ဖြေ – ဟက်ကာတစ်ယောက်ဖြစ်လာဖို့ဆို ဟက်ကာတွေ အသုံးပြု တိုက်ခိုက်တဲ့နည်းလမ်းတွေကို အကြမ်းအားဖြင့်လေ့လာထားဖို့နဲ့ Server,Network,Programming အစရှိတဲ့ပညာရပ်တွေကို ဇွဲလုံ့လနဲ့ လေ့လာကြမှသာလျှင်ဖြစ်မြောက်မှာဖြစ်ပါတယ်။ ဟက်ကာ တစ်ယောက် ရဲ့ ကျင့်ဝတ်ရယ်လို့တော့ သေသေချာချာ တိတိကျကျ သတ်မှတ် ထားတာမျိုးတွေ မတွေ့ဖူးသေးပါ။ အဖွဲ့အစည်းတစ်ခုအောက်မှာ နေထိုင်ရင် အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်ဥပဒေတွေနဲ့ နေထိုင်ရပါလိမ့်မယ်။

မေး – ဟက်ကာသမားတစ်ယောက် အနေနဲ့ကော ဟက်ကာ အဖွဲ့ အနေနဲ့ပါ အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ ချမှတ်ထားတာရှိပါသလား။ သိခွင့်ရမယ်ဆိုရင် သိချင်ပါတယ်။

ဖြေ – ဟုတ်ကဲ့ အဖွဲ့အစည်းအနေနဲ့ အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေရှိပါတယ်။ အဖွဲ့ရဲ့အနာဂတ်အစီအစဉ်တွေကို အပြင်ကို ထုတ်ဖော်ခွင့်မရှိတဲ့အတွက် ပြောပြခွင့်မရှိပါ။ လက်ရှိအစီအစဉ် တစ်ခု ကတော့ Myanmar Black Hacking (MBH) ကနေပြီး ကျနော်တို့ UGMH နဲ့ချိတ်ဆက်ပြီး မဂ္ဂဇင်းတစ်အုပ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ မကြာမှီလ၀က်အတွင်းလောက်မှာ ထွက်ရှိတော့မှာပါ။ အကျိုးအမြတ် ထက် Hacking ကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက် အသိပညာ ပြန့်ပွားဖို့ရည်ရွယ်ပါတယ်။

ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။

Leave a Reply