ယခုနှစ် ပြင်​ဦးလွင်​ပန်းပွဲ​တော်​တွင်​ ယခင်နှစ်ကထက် ပန်းပင်အရေအတွင် နှစ်ဆကျော် စိုက်ပျိုးသွားမည်

0
159

ဒီဇင်ဘာ ၂
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပြင်ဦးလွင် ပန်းပွဲတော်တွင် ယခင်နှစ်ကထက် ပန်းပင်အရေအတွင် နှစ်ဆကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်​တွင်​ စုစု​ပေါင်း ပန်းအမျိုးကွဲ​ပေါင်း (၇၀) ခန့်​ အပင်အ​ရေအတွက်​ သုံးသိန်း​ကျော်​ကို စိုက်​ပျိုးပြသွားမည်​ဖြစ်​​ပြီး ပြည်ပကုမ္မဏီ နှစ်ခုလည်း လာရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားက ကုမ္မဏီနှစ်ခုက ဒီနှစ်မှာမှ ပထမဆုံးအနေနဲ့ ပါတာပါ ။ အရင်က ပြည်တွင်းက ပညာရှင်ဝန်ထမ်းတွေနဲ့ ပဲ စိုက်ပျိုး ပြသတာဖြစ်တယ် “ဟု အမျိုးသားကန်​​တော်​ကြီးဥယျာဉ်​ Duputy Managing Director ဦး​ဝေမျိုး​အောင်​က ​ပြောသည်​။

ပန်းပွဲတွင် ပါဝင်မည့် ပြည်ပကုမ္မဏီနှစ်ခုမှာ ​ထိုင်းနိုင်​ငံ မှ Garden and Friends ကုမ္ပဏီနှင့်​ ဂျပန်နိုင်​ငံ မှ Fukusuke ကုမ္ပဏီတို့မှ ပါဝင်​လာခြင်းဖြစ်​​ပြီး ပြည်​တွင်းမျိုးနှင့်​ ပြည်​ပမျိုးတစ်​ဝက်​စီကို စိုက်​ပျိုးသွားမည်ဖြစ်သည်။

ထို့အပြင် ​မြေပြင်​တွင်​စိုက်​ပျိုးပြသမည့်​ ပန်းများအားလုံးကို ပန်းအစစ်​များဖြင့်​ အသုံးပြုသွားမည်ဖြစ်ပြီး ပန်းများဖြင့် ပြုလုပ်မည့် အရုပ်​များကိုသာ ပန်းအတုများ အသုံးပြုမည်​ဖြစ်​​ကြောင်း သိရသည်။

ပြင်ဦးလွင်ပန်းပွဲ​တော်​ ဒီဇင်ဘာလ (၁၅) ရက်နေ့ မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီးတွင်​ ​တေးသီချင်းသီဆို​ဖျော်​​ဖြေပွဲ၊ ​ဈေး​ရောင်းပွဲ၊ သစ်​ခွအလှပြိုင်​ပွဲ၊ ပန်းအလှထိုးပြိုင်​ပွဲနှင့်​ ဓာတ်​ပုံပြိုင်​ပွဲများကိုထည့်​သွင်းကျင်းပသွားမည်​ဖြစ်​သည်​။

Leave a Reply