အိုပက်​မှ ကာတာနုတ်​ထွက်​ပြီး ​သဘာဝဓာတ်​​ငွေ့ရည်​တင်​ပို့မှုမြှင့်​တင်​သွားမည်

0
202

ဒီဇင်​ဘာ ၃
နိုင်ငံတကာသတင်း

လာမယ့်​(၂၀၁၉)ခုနှစ်​၊ ဇန်​နဝါရီလမှာ ​ရေနံထုတ်​လုပ်​တင်​ပို့​ရောင်းချသည့်​နိုင်​ငံများအဖွဲ့(O.P.E.C)(အိုပက်​)က​နေနုတ်​ထွက်​ပြီး ကမ္ဘာ့ထိပ်​တန်း​သဘာဝဓာတ်​​ငွေ့ရည်​(LNG)ံတင်​ပို့​ရောင်းချတဲ့နိုင်​ငံအ​နေနဲ့ရပ်​တည်​နိုင်​​ရေးကြိုးပမ်းမယ်​လို့ ကာတာစွမ်းအင်​​ရေးရာပြည်​​ထောင်​စုဝန်​ကြီး ဆာအက်​ အယ်​လ်​ကားဘီ က​ပြောပါတယ်​။

အိုပက်​ရဲ့​ရေနံတင်​ပို့​ရောင်းချမှုအနည်းဆုံးထဲမှာပါတဲ့ကာတာဟာ အဖွဲ့ကိုကြိုးကိုင်​​နေတဲ့​ဆော်​ဒီအာ​ရေ​ဗျနိုင်​ငံနဲ့ နိုင်​ငံ​ရေးအငြင်းပွားမှု​တွေရှိ​နေ​ပေမဲ့ နုန်​ထွက်​တာက နိုင်​ငံ​ရေး​ကြောင့်​မဟုတ်​ဘူးလို့လည်းသိရပါတယ်​။

အခုတစ်​ပတ်​ကြာသပ​တေးနဲ့​သောကြာတို့မှာပြုလုပ်​မယ့်​ အိုပက်​အစည်းအ​ဝေးကို​တော့တက်​​ရောက်​သွားမှာဖြစ်​ပြီး အဖွဲ့ရဲ့စည်းမျဉ်း​တွေကိုလိုက်​နာသွားဦးမယ်​လို့ အယ်​လ်​ကားဘီက​ပြောပါတယ်​။

ကာတာဟာ ကျန်တဲ့အိုပက်နိုင်ငံ​တွေထက်​ ​​​​ထုတ်​လုပ်​မှုနည်း​ပေမဲ့ အိုပက်​သမိုင်းမှာ​တော့ အ​ရေးပါတဲ့​နေရာတစ်​​နေရာကပါခဲ့တယ်​လို့ အိုပက်​နိုင်​ငံတစ်​နိုင်​ငံက​ပြောပါတယ်​။

အိုပက်​ရဲ့အများဆုံး​ရေနံထုတ်​လုပ်​ပြီး တင်​ပို့​ရောင်းချတဲ့​ဆော်​ဒီက​တော့ တစ်​​နေ့ကို​ရေနံစည်​သိန်း (၁၁၀)ထုတ်​လုပ်​ပြီး ကာတာက​တော့ တစ်​​နေ့ကို​ရေနံစည်​(၆)သိန်းထုတ်​လုပ်​နိုင်​ပါတယ်​။

ဒါ​ပေမဲ့ ကာတာဟာ တစ်​နှစ်​ကို သဘာဝဓာတ်​​ငွေ့ရည်​တန်​ချိန်​သိန်း(၇၇၀)ထုတ်​လုပ်​နိုင်​ပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply