အ​မေရိကန်​သွင်းသည့်​ကားများကို အ​ကောက်​ခွန်​​လျှော့ချရန်​ တရုတ်​သ​ဘောတူ ဟု ထရမ့်​​ပြော

0
227

ဒီဇင်​ဘာ ၃
နိုင်ငံတကာသတင်း

တရုတ်​နိုင်​ငံကိုသွင်းတဲ့အ​မေရိကန်​ကား​တွေကို တရုတ်က အ​ကောက်​ခွန်​(၄၀)ရာခိုင်​နှုန်း​ကောက်​ခံထားတာ​လျှော့ပြီးပယ်​ဖျက်​မယ်​လို့ တရုတ်​ဘက်​က​ပြောတယ်​ဆိုပြီး အ​မေရိကန်​သမ္မတ​ဒေါ်နယ်​ထရမ့်​ကတွစ်​တာမှာ​ရေးပါတယ်​။

ဒါ​ပေမဲ့တရုတ်​နိုင်​ငံဘက်​က​တော့ ထရမ့်​ရဲ့မှတ်​ချက်​ကို တစုံတရာမတုံ့ပြန်​ထားပါဘူး။
အတည်​ပြုနိုင်​ခဲ့ရင်​ အ​မေရိကန်​-တရုတ်​ကုန်​သွယ်​​ရေးစစ်​ပွဲ​ကြောင့်​ မတည်​ငြိမ်​​နေတဲ့ကားလုပ်​ငန်း​တွေက ကြိုဆိုကြမှာပါ။

ဒီိဇင်​ဘာ(၁)ရက်​က ထရမ့်​နဲ့တရုတ်​သမ္မတရှီကျင်းပင်​တို့​တွေ့ဆုံခဲ့ပြီး ကုန်​သွယ်​​ရေးစစ်​ပွဲမှာ အပစ်​ရပ်​ဖို့ သ​ဘောတူထားပါတယ်​။
ရက်​(၉၀)အတွင်း ကုန်​သွယ်​​ရေးတင်းမာမှု​တွေ​လျှော့ချဖို့ ​​ဆွေး​နွေးညှိနှိုင်းသွားမယ်​ဆိုပြီး သမ္မတနှစ်​ဦးသ​ဘောတူခဲ့တာပါ။

လာမယ့်​ဇန်​နဝါရီလ(၁)ရက်​မှာ တရုတ်​သွင်းကုန်​အ​မေရိကန်​​ဒေါ်လာဘီလီယံ(၂၀၀)​ကျော်​ကို ​အ​ကောက်​ခွန်​(၂၅)ရာခိုင်​နှုန်းမ​ကောက်​ဘဲ (၁၀)ရာခိုင်​နှုန်းပဲ​ကောက်​ဖို့ အ​မေရိကန်​ကသ​ဘောတူခဲ့ပြီး အ​မေရိကန်​ကသွင်းတဲ့ လယ်​ယာထွက်​ကုန်​​တွေနဲ့စီမ်းအင်​ဆိုင်​ရာထုတ်​ကုန်​​တွေကို ဆက်​ပြီးဝယ်​သွားမယ်​လို့ တရုတ်​ဘက်​ကသ​ဘောတူခဲ့ပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply