ဝရမ်းထုတ်ခံရသည့် သံဃာ(၂) ပါးနှင့် လူပုဂ္ဂိုလ် (၄) ဦးကို ဘယ်လိုပဲ ပြေးပြေး တွေ့တဲ့နေရာမှာ ဖမ်းမည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးပြော

0
317

မန္တလေး ၊ ဇန်န၀ါရီ ၆ ၊၂၀၁၈

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်တွင်အစိုးရကိုဆန့်ကျင်သည့်သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အမှုဖွင့်ခံထားရသည့် သံဃာတော်(၈) ပါးနှင့် လူပုဂ္ဂိုလ် (၅) ဦး အနက် ဝရမ်းထုတ်ခံထားရသော အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် သံဃာ (၂) ပါးနှင့် လူပုဂ္ဂိုလ်(၄) ဦးကို ဘယ်လိုပဲ ပြေးပြေး တွေ့တဲ့နေရာမှာ ဖမ်းမည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

ယင်းအမျိုးသားရေးလှုပ်ရှားသည့် သံဃာ (၈) ပါးကို ပုဒ်မ ၅၀၅(ခ) နှင့် သာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့ရာ ဖမ်းစီးရမိသည့် သံဃာ (၆) ပါးကို ဒီဇင်ဘာလ (၂၇) ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁) နှစ်နှင့်(၆) လ ချမှတ်ခဲ့သည်။ ထို့အပြင် အမျိုးသားရေးလှုပ်ရှားသည့် လူပုဂ္ဂိုလ်(၄) ဦးကိုလည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ရာ (၁) ဦးသာ ဖမ်းစီးရမိထားပြီး (၄) ဦးကို ဝရမ်းထုတ်ထားသည်။

“ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့သူတွေကို တွေ့တဲ့နေရာမှာ ဖမ်းမယ်။သူတို့ဘယ်လိုပဲပြေးပြေး ဝရမ်းရှိနေတဲ့အတွက် ဖမ်းမိတဲ့ အချိန်မှာ အမှုကို ရင်ဆိုင်ရမှာဖြစ်တယ်။ခရိုင်ထဲမှာရှိတဲ့ ရဲစခန်းတွေကို လည်း ဝရမ်းပြေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေ ဖြန့်ထားတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။

ယခင်က ဝရမ်းပြေးများကို ကားဂိတ်၊ဘူတာ နှင့် လူစည်ကားရာနေရာ များတွင် ရုပ်ပုံများနှင့် အတူကပ်ပြီး အများပြည်သူသိနိုင်ရန် ကြော်ငြာခဲ့ပြီး ယခုအခါ ယခင်ကလို ကြော်ငြာသွားမှာမဟုတ်ကြောင်း ဒုရဲမှူးကြီးမျိုးအောင် ကဆက်လက်ပြောကြားသည်။

နိုင်လင်းဦး

Leave a Reply