”မီးခြစ်​ငှါးသည့်​ကိစ္စနှင့်​ပတ်​သက်​၍ ခိုက်​ရန်​ဖြစ်​ဖူး​သော်​လည်း ထိုးကြိတ်​ခဲ့ခြင်း​မရှိ” ဟု ​အောင်​ရဲ​ထွေး အစ်ကို ထွက်ဆို

0
132

ဒီဇင်​ဘာ ၎
သော်​လင်းထက်

အောင်​ရဲ​ထွေး၏အကို​နေဇင်​လတ်​မှ ယ​နေ့ရုံးချိန်းတွင်​ ပြည်​လမ်းရှိ Brave Bar Clubတွင်​ ​ဆေးလိပ်​​သောက်​ရန် မီးခြစ်​ငှါးသည့်​ကိစ္စနှင့်​ပတ်​သက်​၍ သန်းထွဋ်​​အောင်​(ခ)သားကြီးနှင့်​ခို​ရန်​ဖြစ်​ပွားဖူး​သော်​လည်း ထိုးကြိတ်​ခဲ့ခြင်းမရှိဟု တရားခွင်​တွင်​ထွက်​ဆိုခဲ့သည်​။

ယ​နေ့ရုံးချိန်းတွင် ​အောင်​ရဲ​ထွေး​သေဆုံးခဲ့မှုနှင့်​ပတ်​သက်​၍ တရားလိုပြသက်​သုံးဦးစစ်​​ဆေးခဲ့ပြီး အကိုဖြစ်​သူ​နေဇင်​မှ ယင်းသို့ထွက်​ဆိုခဲ့ခြင်းဖြစ်​သည်​။

ထို့ပြင်​၄င်းမှ ​အောင်​ရဲ​ထွေးသည်​ မည်​သူက​အောင်​ရဲ​ထွေးဖြစ်​သည်​ မည်​သူက ​နေဇင်​လတ်​ဖြစ်​သည်​ဟူ​၍ လူတိုင်းခွဲခြားသိနိုင်​သည်​ဟုလည်းထွက်​ဆိုခဲ့​သေးသည်​။

ယင်းအပြင်​ ​ကျော​ဇောဟန်​(ခ)​ကျော​ဇောအား တွေ့ရှိခဲ့ဖူးခြင်းမရှိ​ကြောင်း လည်းထွက်​ဆိုခဲ့သည်​။

လက်​ရှိတွင်​ တရားလိုပြသက်​​သေ ၂၂ဦးတင်​ထား​ခဲ့ပြီး ၁၈ဦးစစ်​​ဆေးပြီး​သော်​လည်း မည်​သည့်​ တရားလိုမှ ​​​ကျော်​​ဇောဟန်​(ခ)​ကျော်​​ဇောအား အခင်းဖြစ်​​နေရာတွင်​​တွေ့ရှိခဲ့ခြင်းမရှိ​ကြောင်းထွက်​ဆိုထားကြသည်​။

အောင်​ရဲ​ထွေးသည်​ ၂၀၁၇ နှစ်​သစ်​ကူးည​တွင်​ The One Entertainment တွင်​ပြုလုပ်​သည့်​ Space Partyတွင်​ လူတစ်​စု၏ဝိုင်းဝန်​တိုက်​ခိုက်​မှု​ကြောင့်​ဒဏ်​ရာများဖြင့်​ ​၂၀၁၈ ဇန်​နဝါရီ ၂ရက်​​တွင် အဆိုပါဒဏ်​ရာများဖြင့်​​သေဆုံးခဲ့ခြင်းဖြစ်​သည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ ​သန်းထဋ်​​အောင်​(ခ)သားကြီး၊​ပြည့်​ဖြိုး​အောင်​(ခ)​အောင်​​လေးနှင့်​​ကျော်​​ဇောဟန်​(ခ)​ကျော်​​ဇောတို့သုံးဦးအား ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ဖြင့်​သုဝဏ္ဏနယ်​​မြေရဲစခန်းကအမှုဖြင့်​​အ​ရေးယူထားသည်​။

Leave a Reply