သေဆုံးသူထံမှ သားအိမ်​အစားထိုးထား​သော အမျိုးသမီး ပထမဆုံးက​လေး​မွေးဖွား

0
6

ဒီဇင်​ဘာ ၅
နိုင်ငံတကာသတင်း

ပထမဆုံးအ​နေနဲ့ ​​သေဆုံးတာမကြာ​သေးတဲ့အမျိုးသမီးတစ်​ဦးထံက​နေ သားအိမ်​လွှဲယူပြီး အစားထိုးကုသထားတဲ့အမျိုးသမီးတစ်​ဦးက​နေ က​လေးငယ်​​မွေးဖွားခဲ့တယ်​လို့ ဘရာဇီးနိုင်​ငံ၊ ​ဆော်​​ပေါ်လိုတက္ကသိုလ်​​ဆေးပညာသင်​​ကျောင်းက ​ဒတ်​စ်​ကလင်​နစ်​ကာ​ဆေးရုံကထုတ်​ပြန်​ပါတယ်​။

သက်​ရှိထင်​ရှား​ဆွေမျိုး​တွေက သားအိမ်​လှုထားတာ​ကြောင့်​ ဆွီဒင်​၊ အ​မေရိကန်​နဲ့ ဆားဘီးယားနိုင်​ငံတို့မှာ က​လေးငယ်​​တော်​​တော်များများ​မွေးဖွားထားပါတယ်​။

သားအိမ်​​ကြောင့်​သ​န္ဓေမ​အောင်​တာကို အခုရလဒ်​​တွေက ယူဆချက်​တစ်​ခုအတွက်​သက်​​သေ​တွေဖြစ်​​စေခဲ့တယ်​လို့ ဒီဇင်​ဘာ(၄)ရက်​မှာထုတ်​​ဝေခဲ့တဲ့လန်​ဆက်​​ဆေးပညာဂျာနယ်​မှာ ဒီသု​တေသနအ​​ကြောင်းပူးတွဲ​ရေးသားခဲ့တဲ့ ဒတ်​စ်​ကလင်​နစ်​ကား​ဆေးရုံက သားဖွား၊ မီးယပ်​အထူးကုဆရာဝန်​ ​ဒေါက်​တာ ဒါနီ အီဇင်​ဘာ့ဂ်ျ​နဲ့ ခွဲစိတ်​အစားထိုးဆရာဝန်​ ​ဒေါက်​တာဝယ်​လင်​တန်​ အန်​ဒ​ရေးယက်​စ်​တို့က​ပြောပါတယ်​။

သားအိမ်​ချို့တဲ့ပြီး​မွေးဖွားလာတဲ့အသက်​(၃၂)နှစ်​အရွယ်​အမျိုးသမီး(အမည်​ထုတ်​မ​ပြော​သေး)ကို (၂၀၁၆)ခုနှစ်​၊ စက်​တင်​ဘာလမှာ ခွဲစိတ်​အစားထိုးခဲ့တာဖြစ်​ပြီး လှူဒါန်းခဲ့တဲ့အမျိုးသမီးက​တော့ အသက်​(၄၅)နှစ်​အရွယ်​မှာ ​လေသင်​တုန်းဖြတ်​တာ​ကြောင့်​ ​သေဆုံးခဲ့တာပါ။

လှူဒါန်းသူနဲ့လက်​ခံသူတို့ဟာ ​သွေးအမျိုးအစားတူညီပြီး လှူဒါန်းသူဟာ သက်​တမ်းတစ်​​လျှောက်​သုံးကြိမ်ကိုယ်​ဝန်​​ဆောင်​နိုင်​တာနဲ့ လိင်​​ရောဂါ​တွေမရှိတာ​ကြောင့်​ ​ရွေးချယ်​ခဲ့တာလို့ သိရပါတယ်​။

ခွဲစိတ်​ချိန်​(၁၀)နာရီကြာခဲ့ပြီး ခွဲစိတ်​ပြီး(၅)လအတွင်း လက်​ခံသူရဲ့ခန္ဓာကိုယ်​ကငြင်းဆန်​မှုမရှိခဲ့သလို သူ့တစ်​သက်​တာမှာ ပထမဆုံးအ​နေနဲ့ ဓမ္မတာ​သွေးဆင်းတာကြုံ​တွေ့ခဲ့ရတယ်​လို့သိရပါတယ်​။

(၇)လအကြာမှာ သ​န္ဓေ​အောင်​ပြီးသားမျိုးဥကို ဆရာဝန်​​တွေက သားအိမ်​ထဲပြန်​ထည့်​ခဲ့ပြီး (၂၀၁၇)ခုနှစ်​၊ ဒီဇင်​ဘာလမှာ (၆)​ပေါင်​အ​လေးချိန်​ရှိတဲ့မိန်းက​လေးတစ်​ဦးကို​မွေးဖွားခဲ့တာလို့သိရပါတယ်​။

(၂၀၁၃)ခုနှစ်​မှာ သက်​ရှိထင်​ရှား​ဆွေမျိုးတစ်​ဦးက လှုဒါန်းတဲ့သားအိမ်​ကိုပထမဆုံး​အောင်​​အောင်​မြင်​မြင်​လက်​ခံထားတဲ့အမျိုးသမီးတစ်​ဦးက (၂၀၁၄) ခုနှစ်​မှာ ပထမဆုံးက​လေးငယ်​​မွေးဖွားခဲ့ပါတယ်​။

Source-The Lancet

#ဥက္ကာ
#TheFifthWaveNews

Leave a Reply