ဟွာဝေး၏ဘဏ္ဍာရေးအရာရှိချုပ် ကနေဒါတွင်အဖမ်းခံရ

0
57

ဒီဇင်ဘာ ၆
နိုင်ငံတကာသတင်း

တရုတ်နိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးရဲ့ကမ္ဘာ့ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးဟာ ကနေဒါနိုင်ငံ၊ ဗန်ကူး ပါးမြို့မှာ ဒီဇင်ဘာလ(၁)ရက်က အဖမ်းခံခဲ့ရပြီး သူ့ကိုအမေရိကန်နိုင်ငံဆီလွှဲပြောင်းပေးသွားမယ်လို့ ကနေဒါတရားရေးဝန်ကြီးဌာ နက ဒီဇင်ဘာလ(၅)ရက်မှာပြောပါတယ်။

ဘာကြောင့်အဖမ်းခံခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကို အတိအကျမထုတ်ပြန်ပေမဲ့ အမေရိကန်က အီရန်ကိုချ ထားတဲ့ပိတ်ဆို့မှုတွေ ကို ဟာဝေးကချိုးဖောက်ခဲ့ တယ်လို့ယူဆရတဲ့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။

အမေရိကန်ပို့ကုန်နဲ့ပိတ်ဆို့မှုဥပဒေတွေကိုချိုးဖောက်ပြီး အမေရိကန်ထုတ်ဖုန်းတွေကို အီရန်နဲ့တခြားနိုင်ငံတွေဆီပို့ခဲ့တာကြောင့် ဟွာဝေးကို (၂၀၁၆)ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေတာလို့ ပြီးခဲ့တဲ့ဧပြီလမှာ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။

ဒီဇင်ဘာလ(၇)ရက်(မနက်ဖြန်)မှာ မန်ကိုစပြီးရုံးထုတ်သွားမယ်လို့ ကနေဒါတရားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါတယ်။
မန်အဖမ်းခံထားရတာကို ဟွာဝေးဘက်ကအတည်ပြုထားပြီး တရားစွဲထားတဲ့အမှုတွေအကြောင်း အချက်အလက်နည်းနည်းပဲ ပေးထားတယ်လို့ ဝေဖန်နေပါတယ်။

ကနေဒါနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဖမ်းဆီးမှုကိုပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မန့်ကိုချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေပါ တယ်။

ဟွာဝေးဟာ တယ်လီဖုန်းဆက်သွယ်ရေး ကိရိယာတွေ နဲ့ဝန်ဆောင်မှုကဏ္ဍတို့မှာ ဆမ်ဆောင်းရဲ့နောက် ဒုတိယနေရာမှာရပ်တည် နေပါတယ်။

တရုတ်က (5G)နက်ဝါ့ခ်ဖုန်းနဲ့ တခြားကွန်ယက်တွေ ကိုဟွာဝေးကတစ်ဆင့်ရရှိပြီး သူလျှိုလုပ်ငန်းတွေပိုဖြန့်ကျက်လာမှာကို အ နောက်နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ ဟွာဝေးကတော့ တရုတ်အစိုးရ ချုပ်ကိုင်မှု မရှိဘူး လို့ငြင်းဆိုထားပါတယ်။

Source-BBC and Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply