သမ္မတလေယာဉ်​ကို​ရောင်း​ပြီး အများသုံး​လေ​ကြောင်းလိုင်းဖြင့်​ မက္ကဆီကိုသမ္မတသစ်​ခရီးသွား

0
9

ဒီဇင်​ဘာ ၅
နိုင်ငံတကာသတင်း

ပြီးခဲ့တဲ့စ​နေ​​နေ့ကမှ သမ္မတအဖြစ်​ကျမ်းကျိန်​ခဲ့တဲ့မက္ကတီကိုသမ္မတ အန်​ဒ​ရေးစ်​ မန်​နျူရယ်​ လိုပက်​ဇ်​ ​အော့ဘ​ရေ​ဒေါ ဟာ ​မဲဆွယ်​စဉ်​က ကတိကဝတ်​​တွေကို အ​ကောင်​အထည်​စ​ဖော်​​နေပါပြီ။

မဲဆွယ်ကာလမှာ မက္ကဆီကိုသမ္မတအတွက်​​ပေးထားတဲ့ဘိုးအင်း၇၈၇-၈Dreamliner TP-၀၁​လေယာဉ်​ကို​ရောင်း​နေပြီး မက္ကဆီကိုဆင်းရဲသားအသိုက်​အဝန်း​တွေအတွက်​ အ​ထောက်​အပံ့​တွေ​ပေးသွားဖို့ ​အော့ဘ​ရေ​ဒေါကကတိပြုခဲ့တာပါ။

သမ္မတဖြစ်​ပြီး​နောက်​တစ်​​နေ့မှာပဲ ကျွန်းဆွယ်​ပြည်​နယ်​​ဗာရာခရုဇ်​ကိုသွားတဲ့ခရီးစဉ်​ကို အများပြည်​သူသုံး​လေ​ကြောင်းလိုင်းကိုအသုံးပြုပြီး သွားခဲ့ပါတယ်​။

နောက်​​တစ်​​နေ့မှာ​တော့ သမ္မတရဲ့ဇိမ်​ခံ​လေယာဉ်​ကို ကယ်​လီဖိုးနီးယားပြည်​နယ်​​တောင်​ပိုင်း​ထောက်​ပံ့ပို့​ဆောင်​​ရေး​လေယာဉ်​ကွင်းဆီပို့ခဲ့ပြီး ​ရောင်းချဖို့တန်​ဖိုးဖြတ်​ခဲ့တယ်​လို့ မက္ကဆီကို​ငွေတိုက်​ဝန်​ကြီး ကားလို့စ်​ အာဇွာကထုတ်​ပြန်​ပါတယ်​။

ဟို​ဆေး မာရီယား မို​ရေးလို့စ်​ ဝိုင်​ ပါ​ဗွန်​လို့နာမည်​​ပေးထားတဲ့အဲဒီ​လေယာဉ်​ကို (၂၀၁၂)၊ နိုဝင်​ဘာလမှာ မက္ကစီကိုအစိုးရက အ​မေရိကန်​​ဒေါ်လာ(၂၈၇)သန်းနဲ့ဝယ်​ယူခဲ့ပါတယ်​။

ဝေဖန်​မှု​တွေ​ကြောင့် အဲဒီ​လေယာဉ်​ကိုအသုံးမပြုဘဲ​နေခဲ့ပြီး ​လေယာဉ်​ကို​ရောင်းမယ်​ဆိုရင်​ မက္ကဆီကိုအစိုးရ​ငွေအများကြီးရှုံးမယ်​လို့ သမ္မတ​ဟောင်း အင်းနရစ်​ ပီနာ​နေးတို​စေခိုင်းခဲ့တဲ့​ကော်​မရှင်​တစ်​ခုက​ပြောခဲ့တာ​​ကြောင့်​ (၂၀၁၆)ခုနှစ်​မှာမှ စတင်​အသုံးပြုခဲ့ပါတယ်​။

Source-CNN

#ဥက္ကာ
#TheFifthWaveNews

Leave a Reply